Main menu

Background

ယခုတစ်ပတ် အောင်ပန်းဈေးကွက်သို့ ချင်းအစို အဝင်နည်းနေ

Wed, 05/16/2012 - 07:02 -- Anonymous (not verified)

    ချင်း(စို)တွေ ဈေးကွက်မှာ အဝင်နည်းနေပြီလို့ သိရပါတယ်။ အဝင်နည်းပေ မယ့် အရောင်းကလည်း မသွက်ပါဘူး။ဒီတစ်ပတ်ဟိုပုံးဈေးကွက်မှာ ချင်း(စို)ကတော့ အဝင်လုံးဝမရှိတော့ပါဘူး။ ဒီနှစ်က ချင်းအထွက်လည်းနည်းပြီး၊ အခက်ကြီး၊ အခက် လှတွေလည်း နည်းပါတယ်။ အခက်သေးတွေသာများတာကြောင့် အခြောက်အဖြစ် ပြုလုပ်တာ ပိုများတယ်လို့လည်း သိရပါတယ်။ ကျန်ချင်းတွေကိုတော့ ပြန်စိုက်လိုက် တာကြောင့် အစိုတွေက ဈေးကွက်မှာ နည်းသွားတာဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ချင်းခြောက်တွေကလည်း သြင်္ကန်ရှေ့ပိုင်းမှာ အဝင်များပြီး သြင်္ကန် နောက်ပိုင်းမှာ အဝင်အတော်နည်းနေတယ်လို့ ဆိုပါတယ်။ အခုလောလောဆယ်မှာ တော့ တစ်ပတ်လုံးမှာမှ ပိဿာချိန် ၂၀၀၀ ခန့်သာအဝင်ရှိတယ်လို့ သိရပါတယ်။ ပယ်ချင်းတွေကို ဝယ်ပြုတ်တဲ့ လက်ကြီးသမားတွေနဲ့ တောင်သူတွေထံမှာ အတော် များများ ကျန်နေသေးတယ်လို့လည်း သိရပါတယ်။ ချင်းပွဲရုံတွေကတော့ လာရောင်း နေတဲ့ချင်းခြောက်တွေကို လက်လီစိတ်ဝယ်စုနေကြပြီး၊ ဈေးကောင်းရမှ ထုတ်ရောင်း ကြမယ်လို့လည်းဆိုပါတယ်။ ဟိုပုံးချင်းခြောက်ကတော့ တစ်ပိဿာ ၁၄၀၀ ကျပ် ဈေးရှိပါတယ်။    အောင်ပန်းဈေးကွက်မှာတော့ ချင်း(စို)တစ်ပိဿာ ၂၅၀ ကျပ်မှ ၃၂၀ ကျပ်နဲ့ ချင်းခြောက်ကတစ်ပိဿာ ၁၂၀၀ ကျပ် - ၁၃၀၀ ကျပ်ဈေးရှိပါတယ်။ဧဧခိုင်