Main menu

Background

လှောင်လက်ဝယ်ယူမှုများတာကြောင့် အိန္ဒိယနနွင်းဈေး မြင့်တက်

Wed, 05/16/2012 - 07:20 -- Anonymous (not verified)

    အိန္ဒိယနိုင်ငံရဲ့ ကာနာတာကာနဲ့ အင်ဒရာပရာဒေ့ရှ် အစိုးရများက ဟင်းခတ်အမွှေးအကြိုင်စတင်ဝယ်ယူနိုင်တဲ့ သတင်းများအရ မေ ၉ရက်မှာ နနွင်းဈေး မြင့်တက်ခဲ့ ကြောင်း သိရပါတယ်။  နနွင်းတောင်သူများ လက်ရှိဈေး  အနိမ့်နဲ့ရောင်းချနေရခြင်းကို အကူအညီပေးတဲ့အနေနဲ့ ယင်းပြည်နယ်အစိုးရများက ဈေးကွက်ကြားဖြတ် ဆောင် ရွက်မှုအနေနဲ့ အချို့တစ်ဝက်ကို ဝယ်ယူသွားနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အိန္ဒိယမြောက်ပိုင်းမှ မှာယူမှုအသစ် များရှိတာကြောင့်လည်း ဝယ်ယူမှုများလာကြောင်း သိရပါ တယ်။     အဲဒီလိုပြည်နယ်အစိုးရများမှ ဝယ်ယူမယ့် သတင်းများ အရလှောင်လက်များနနွင်းအမြောက်အမြားဝယ်ယူကြတဲ့ အတွက် နနွင်းအမျိုးအစား ၂ မျိုးလုံး တစ်တန် ရူပီး ၂၀၀၀ (ကန်ဒေါ်လာ ၃၇ ဒသမ ၁၆)မြင့်တက်ခဲ့တယ်လို့ နနွင်း ပြည်ပတင်ပို့သူ  Mr  Rajamanickkam မှ ပြောကြားပါတယ်။    ပြည်ပတင်ပို့သူများက အဓိကအရည်အသွေးကောင်းတွေကို ဝယ်ယူတယ်လို့ ဆိုပါတယ်။ ဈေးကွက်ကို ဝင်ရောက်လာတဲ့ နနွင်းအိတ် ၁၇၂၀၀ အနက် ၆၅ ရာခိုင်နှုန်းဝန်းကျင် ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ နနွင်းတစ်တန် ရူပီး ၅၀၀၀၀ (ကန်ဒေါ်လာ ၉၂၉)အထက်ဈေး သတ်မှတ်ဖို့ မကြာခင် နနွင်းတောင်သူများ အစည်းအဝေး ကျင်းပသွားမယ်လို့ အိန္ဒိယနနွင်းတောင်သူများ အသင်း ဥက္ကဌ Mr  P.K  Deivasigamani မှ ပြောကြားပါတယ်။    အိန္ဒိယ မြောက်ပိုင်းမှ ဝယ်လက်များဟာ တစ်တန် ရူပီး ၄၀၀၀၀(ကန်ဒေါ်လာ ၇၄၃)အောက်ဈေးနဲ့ ဝယ်ယူနေတယ်လို့ ကုန်သည်များက ဆိုပါတယ်။ ယခင်နှစ်က အရောင်တင်ခြင်းမရှိသေးတဲ့ နနွင်းဈေးကောင်းရရှိခဲ့ပေမယ့် ယခုနှစ်မှာ အရောင်တင်ပြီးနနွင်းပင်လျှင် တစ်တန် ရူပီး ၃၅၀၀၀(ကန်ဒေါ်လာ ၆၅၀)အောက်ဈေးနဲ့ ရောင်းနေရတယ်လို့ ဆိုပါတယ်။    အီရော့နနွင်းကုန်သည်များ အသင်းဈေးဝင်းမှာ နနွင်းလက်ချောင်း တစ်တန်ရူပီး ၂၂၆၃၀-၃၆၁၄၀ (ကန်ဒေါ်လာ ၄၂၀-၆၇၁)ဈေးရှိပြီး၊ နနွင်းဥဈေးက ရူပီး ၂၁၅၉၀ - ၃၅၆၉၀ (ကန်ဒေါ်လာ ၄၀၁-၆၆၃)ဈေးရှိတယ်လို့ သိရပါတယ်။ယမင်းခင်၊Source: business Line