Main menu

Background

အိန္ဒိယအစိုးရမှ ကြက်သွန်နီအနိမ့်ဆုံး တင်ပို့ဈေးနှုန်း ဖယ်ရှားလိုက်ခြင်းက ကြက်သွန်ကုန်သွယ်မှုကိုမြှင့်တင်

Wed, 05/16/2012 - 07:35 -- Anonymous (not verified)

    ယခင် သီတင်းပတ်အတွင်း အိန္ဒိယ ဗဟိုအစိုးရက ကြက်သွန်နီ အနိမ့်ဆုံး တင်ပို့ဈေးနှုန်း (MEP) ကို ဖယ်ရှား လိုက်ပြီးနောက် ကုန်သည်များအတွက် ကြက်သွန်နီတင်ပို့ဖို့ လှုပ်ရှားလာကြပြီး သိုလှောင်မှုတွေ  စတင်လာနေပြီဖြစ်ပါ တယ်။ ဒါကြောင့် လက်ကားဈေးကွက်တွေကို ကြက်သွန်နီ ပမာဏများစွာ ဝင်ရောက်လာခဲ့ရာ လွန်ခဲ့တဲ့ ၂ ရက် အတွင်း သိသိသာသာတိုးတက်ဝင်ရောက်လာတယ်လို့သိရပါတယ်။    Lasalgaon နဲ့  Pimpalgaon ခရိုင်အတွင်းရှိ အဓိက လယ်ယာထွက်ကုန်ဈေးကွက်ကော်မတီဝင်း (APMCS) နှစ် ခုမှာ နှစ်ရက်အတွင်း ကြက်သွန် တန်ချိန် ၁၁၁၀၀ ဝန်းကျင် လေလံတင်ထားကြောင်းသိရပါတယ်။ ကြက်သွန်နီ ဈေးကွက် အတွင်း ဝင်ရောက်လာတဲ့ပမာဏတိုးလာတဲ့တိုင်Mashik  ခရိုင်အတွင်းရှိ လက်ကားဈေးကတော့ တစ်တန် ရူပီး ၃၇၅၀-၄၀၀၀ (ကန်ဒေါ်လာ ၇၁-၇၅) အတွင်းမှာတည်ငြိမ်နေတယ် လို့သိရပါတယ်။     (MEP)  ကို ဖယ်ရှားပြီးနောက် ကြက်သွန်ကုန်သည်များ ဟာ ပြည်ပတင်ပို့မှုအတွက် အရှိန်မြှင့်တင်လျက် ရှိပါတယ်။ ကြက်သွန် သိုလှောင်နေသလို  လက်ကားဈေးကွက်တွေမှာ လည်းရောင်းဝယ်မှုတိုးလာပါတယ်။ နွေကြက်သွန် သက် တမ်းဟာ ၆ လမှ ၈ လအထိရှိပြီး မိုးကြက်သွန်သက်တမ်းက ၂ လခန့်သာရှိတာကြောင့် ယခုလို (MEP) ဖယ်ရှားခြင်းက ရောင်းဝယ်မှုအတွက် အထောက်အပံံ့ ဖြစ်စေတယ်လို့ Lasalgaon လယ်ယာထွက်ကုန်ဈေးကွက်ကော်မတီမှ အရာရှိတစ်ဦးကဆိုပါတယ်။ အာရှရဲ့အကြီးဆုံးကြက်သွန်ဈေး ကွက်ဖြစ်တဲ့ ယင်းဒေသမှာ ကြက်သွန်နီလက်ကားပျမ်းမျှဈေး ဟာ မေလ ၈ ရက်က တစ်တန် ရူပီး ၃၇၅၀ (ကန်ဒေါ်လာ ၇၁) နဲ့ မေလ ၉ ရက်က ရူပီး ၃၇၀၀ (ကန်ဒေါ်လာ ၇၀) ထိ မြင့်တက်ခဲ့တယ်လို့သိရပါတယ်။    လွန်ခဲ့တဲ့တစ်ပတ်အတွင်း တစ်ရက်ကိုကြက်သွန်နီ တန် ၁၀၀၀ ဝန်းကျင်ဝင်ရောက်ခဲ့ပေမဲ့လွန်ခဲ့တဲ့ ၂ ရက် အတွင်း  တစ်ဆတိုးကာတစ်ရက်ကို တန် ၂၀၀၀ ဝန်းကျင် ဝင်ရောက်ခဲ့ တယ်လို့ သိရပါတယ်။ ယင်း ၂ ရက်အတွင်းမှာ ကြက်သွန် တန် ၄၀၀၀ ဝန်းကျင် လေလံရောင်းချခဲ့တယ်လို့သိရပါတယ်။ ဒုတိယအကြီးဆုံး ဈေးကွက်ဖြစ်တဲ့ Pimpalgaon  ခရိုင် လယ် ယာထွက်ကုန်ဈေးကွက်ကော်မတီမှာ ပျမ်းမျှလက်ကားဈေး ဟာမေလ ၈ ရက်မှာ ရူပီး ၄၂၅၀ (ကန်ဒေါ်လာ ၈၀) ရှိပြီး၊ မေလ ၉ ရက်မှာ ရူပီး ၄၀၀၀ (ကန်ဒေါ်လာ ၇၅) ဈေးဖြစ်ခဲ့ ကြောင်းသိရပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်အတွင်း တစ်ရက်ကို ကြက်သွန်တန် ၃၀၀၀ မှ ၄၀၀၀ ထိတိုးမြင့် ဝင်ရောက်ခဲ့ တယ်လို့ သိရပါတယ်။    ဧပြီလ ၂ ရက်က ဗဟိုအစိုးရက ကြက်သွန်အနိမ့်ဆုံး တင်ပို့ဈေးနှုန်းကို ဇွန်လကုန်အထိ ဖယ်ရှားမယ်လို့ ကြေညာ ခဲ့ပါတယ်။ နိုင်ငံတစ်ဝန်းကို ကြက်သွန်တောင်သူများနဲ့ ကုန် သည်များက ဈေးနှုန်းပိုမိုရရှိနိုင်စေဖို့ ပြည်ပ တင်ပို့မှု တိုးမြှင့် ရေးအတွက် (MEP)  ကို ဖယ်ရှားဖို့ တောင်းဆိုချက်အရ အစိုးရမှ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ယမင်းခင်Source: Business Line