လူဦးရေ ပြောင်းလဲခြင်းနှင့် အနာဂတ်ဖွံ့ဖြိုးမှု

တရုတ်နိုင်ငံသည် ကုန်ပစ္စည်းထုတ်လုပ်မှု အနေဖြင့် အမေရိကန်ပြည်ထောင်စုကို ၂၀၁၀ ပြည့်နှစ်ကပင် ကျော်တက်နိုင်ခဲ့ပြီဟုဆိုသည်။ လွန် ခဲ့သော နှစ်ပေါင်း ၂၀ အတွင်းမှာ ကာကွယ်ရေး အသုံးစရိတ်ကိုလည်း  တရုတ်နိုင်ငံက နှစ်စဉ် ၁၆ ရာခိုင်နှုန်းခန့်တိုးမြှင့်သုံးစွဲခဲ့သည်။ လာမည့် ၂၀၁၇ ခုနှစ်တွင် ဝယ်ယူနိုင်စွမ်းညီမျှနှုန်း  (Purchasing-power parity)   အရ အမေရိကန်ကိုကျော်တက် ၍ တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးမားဆုံး  စီးပွား ရေးနိုင်ငံဖြစ်လာလိမ့်မည်ဟု နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့(IMF)   ကခန့်မှန်းထားသည်။ သို့သော် လည်း တရုတ်နိုင်ငံ ကြုံတွေ့နေရသည့် အခြား ပြဿနာများအပြင် မမြင်ရနိုင်သော်လည်း တုန် လှုပ်ဖွယ်အကောင်းဆုံးပြဿနာမှာ လူဦးရေအခြေ အနေ ပြောင်းလဲခြင်းဖြစ်သည်။လွန်ခဲ့သည့် နှစ် ၃၀ အတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်းမွေးဖွားနှုန်းမှာ လူဦးရေ တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်သည့် နှုန်းအထက် ၂ဒဿမ၆ ဦးနှုန်းရှိခဲ့ရာမှ ၁ ဒသမ ၅၆ ဦးနှုန်းသို့ ကျဆင်း လာခဲ့သည်။ ထိုနှုန်းမှာ လူဦးရေ တည်ငြိမ်စေမည့် နှုန်းအောက် များစွာလျော့နည်းလာခြင်းဖြစ်သည်။ စုစုပေါင်းမွေးဖွားမှုနှုန်းဆိုသည်မှာ အမျိုးသမီးတစ် ဦးအနေဖြင့် တစ်သက်တာတွင်း မွေးဖွားနိုင်မည့် သားသမီးဦးရေဖြစ်သည်။ တရုတ်အစိုးရက မိသား တစ်စုလျှင် သားသမီးတစ်ဦးသာ  ယူခွင့်ပြုထား သည့်ပေါ်လစီကို အနည်းအကျဉ်း ပြင်ဆင်ပြောင်း လဲခဲ့သော်လည်း မွေးဖွားနှုန်းမှာ နိမ့်ကျနေဆဲဖြစ် သည်။ အချမ်းသာဆုံးမြို့ကြီးများတွင် မွေးဖွားနှုန်း အနိမ့်ဆုံးဖြစ်နေသည်။ ရှန်ဟိုင်းမြို့ကြီး၏ ၂၀၁၀ ပြည့်နှစ်မွေးဖွားနှုန်းမှာ ဒဿမ ခြောက်ဦးသာရှိ သဖြင့် ကမ္ဘာတွင် အနည်းဆုံးနှုန်းဖြစ်နိုင်သည်။ ကုလသမဂ္ဂလူဦးရေဌာန၏  ထုတ်ပြန်ချက်အရ တရုတ်တစ်နိုင်ငံလုံး၏ မွေးဖွားနှုန်းမှာ ဆက်လက် ကျဆင်းနေဦးမည်ဖြစ်ပြီး ၂၀၁၅-၂၀၂၀ ခုနှစ်များ သို့ရောက်လျင် မွေးဖွားနှုန်း ၁ ဒသမ ၅၁ ဦးအထိ ရောက်ရှိနိုင်သည်ဟုဆိုသည်။ အမေရိကန်နိုင်ငံ၏ မွေးဖွားနှုန်းမှာ ၂ ဒသမ ၀၈ ဦးရှိနေပြီး ဆက်လက် မြင့်တက်လျက်ရှိသည်။၁ ဒသမ ၅၁ နှင့် ၂ ဒသမ ၀၈ အကြား ခြားနားချက်မှာ မပြောပလောက်ဟု ဆိုနိုင်သော် လည်း ရေရှည်တွင်မူ လူ့အဖွဲ့အစည်းအတွင်း ရိုက် ခတ်လာနိုင်မှုမှာ အင်မတန် ကြီးမားနိုင်ပါသည်။ ယခုအချိန်မှ ၂၀၅၀ ပြည့်နှစ်ကာလအထိ တရုတ် နိုင်ငံ၏လူဦးရေသည် အနည်းငယ်  ကျဆင်းလာ နိုင်သည်။ ၂၀၁၀ ပြည့်နှစ်တွင်  လူဦးရေ သန်း ၁၃၄၀ ရှိခဲ့ပြီး ၂၀၅၀ ပြည့်နှစ်ရောက်လျင် သန်း ၁၃၀၀ သို့ ကျဆင်းနိုင်သည်ဟုဆိုသည်။ မွေးဖွား နှုန်း ဆက်လက်ကျဆင်းနေဦးမည်ဆိုပါက ၂၀၆၀ ပြည့်နှစ်ဆိုလျင် လူဦးရေ သန်း ၁၀၀၀ အောက် လျော့ကျသွားနိုင်သည်။ အမေရိကန် လူဦးရေကို လာမည့် နှစ်ပေါင်း ၄၀ အတွင်း ၃၀ ရာခိုင်နှုန်း တိုးပွားလာရန် ရည်မှန်းထားသည်။ တရုတ်နိုင်ငံ၏ လူဦးရေသည် ၂၀၂၆ ခုနှစ်တွင်  အမြင့်ဆုံးသို့ ရောက်ရှိမည်ဖြစ်သော်လည်း  အမေရိကန်ပြည် ထောင်စုတွင် လူဦးရေအမြင့်ဆုံးရောက်မည့်နှစ်ကို မသိနိုင်ပေ။လူဦးရေ၏ ပျမ်းမျှအသက်ကို နှိုင်းယှဉ်ကြည့် လျှင် နှစ်နိုင်ငံအကြား ခြားနားမှုကို သိသာနိုင် သည်။ ၁၉၈၀ ပြည့်လွန်နှစ်များက တရုတ်နိုင်ငံ ၏ အလယ်အလတ်တန်း အသက်  (Median age)  သည် ၂၂ နှစ်ဖြစ်သည်။ လူငယ်ဦးရေနှင့် သက်ကြီးဦးရေတို့  ထက်ဝက်စီ၏ အကြားကို အလယ်အလတ်တန်း  အသက်ဟု   ခေါ်ခြင်းဖြစ် သည်။ ယခုတော့ ထိုအသက်အရွယ်မှာ ၃၄ ဒသမ ၅ နှစ်ဖြစ်နေသည်။ တရုတ်လူဦးရေ၏ အသက် အရွယ်မှာ ပိုမိုမြန်ဆန်စွာ  ကြီးရင့်လာခြင်းဖြစ် သည်။ နောက်ထပ်မွေးဖွားသည့်ဦးရေက လျော့ နည်းလာပြီး လူကြီးမျိုးဆက်အများစုက ကြီးရင့် လာခြင်းကြောင့်ဖြစ်သည်။ ၂၀၅၀ ပြည့်နှစ်ရောက် လျှင် တရုတ်နိုင်ငံ၏ အလတ်တန်း အသက်သည် ၄၉ နှစ်အထိ မြင့်တက်လာမည်ဖြစ်သည်။ အလား တူကာလတွင်ရှိမည့် အမေရိကန် အလတ်တန်း အသက်ထက် ၉ နှစ်ပိုကြီးနေမည်ဖြစ်သည်။ ရှန် ဟိုင်းမြို့တွင် လူဦးရေ၏ သုံးပုံတစ်ပုံကျော်သည် ၂၀၂၀ ပြည့်နှစ်၌  အသက် ၆၀ ကျော်များဖြစ်နေ မည်ဟု လူဦးရေနှင့် မိသားစုစီမံကိန်းကော်မတီက ခန့်မှန်းထားသည်။ယင်းကဲ့သို့ လူဦးရေ ပြောင်းလဲနိုင်မည့် တူရူ ချက်တွင်   နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ဘဏ္ဍာရေးနှင့် လူမှုရေးအကျိုးဆက်များ ကြီးမား စွာရှိနေပေသည်။ အထင်ရှားဆုံးအချက်မှာ သက် ကြီးရွယ်အိုများကို စောင့်ရှောက်နိုင်လောက်သည့် အဆင့်သို့ရောက်သည်အထိ နိုင်ငံစီးပွားရေးဖွံ့ဖြိုး တိုးတက်မှု  မရရှိသေးမီမှာပင် တရုတ်နိုင်ငံ၌ အငြိမ်းစားအရွယ် သက်ကြီးရွယ်အိုဦးရေ ပိုမိုတိုး ပွားလာမည်ဖြစ်သည်။ ယခုလောလောဆယ်မှာ ပင် တရုတ်လူဦးရေ၏ ၈ ရာခိုင်နှုန်းကျော်သည် အသက် ၆၅ နှစ်အထက်တွင် ရှိနေကြသည်။ အမေရိကန်တွင် အသက် ၆၅ နှစ်အထက်လူဦးရေ ၁၃ ရာခိုင်နှုန်းရှိနေပြီး လာမည့် ၂၀၅၀ပြည့်နှစ် တွင် တရုတ်နိုင်ငံ လူဦးရေ၏ ၂၆ ရာခိုင်နှုန်းသည် အသက် ၆၅ နှစ်အထက်ရှိနေမည်ဖြစ်၍ အမေရိ ကန်နိုင်ငံထက် ပိုများနေမည်ဖြစ်သည်။ထို့ပြင် ၂၀၁၀ မှ ၂၀၅၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံတွင် အလုပ်လုပ်မည့်အင်အားထုလည်း ၇၂ ရာခိုင်နှုန်းမှ ၆၁ ရာခိုင်နှုန်းသို့ လျော့နည်း သွားမည်ဖြစ်သည်။ သက်ကြီးရွယ်အို မှီခိုမှုအချိုး (Old-age dependency ratio)  သည် ၁၁ ရှိနေ ရာမှ ၂၀၅၀ ပြည့်နှစ်တွင်  လေးဆတိုးကာ ၄၂ အထိ မြင့်တက်လာနိုင်သည်။ (အသက် ၆၅ နှစ် အထက် လူဦးရေနှင့် အသက် ၁၅နှစ်မှ ၆၄ နှစ် အရွယ်ကြား လူဦးရေအချိုးကိုဆိုလိုသည်)  ၂၀၅၀ ပြည့်နှစ်တွင် အငြိမ်းစားယူရမည့်ဦးရေ ၁၀ ရာခိုင် နှုန်းကျော် တိုးလာမည်ဖြစ်ပြီး၊ အလုပ်ဝင်လုပ်မည့် ဦးရေမှာ ထက်ဝက်ခန့်အထိ လျော့နည်းနေမည် ဖြစ်သည်။ သို့ဖြစ်ရာ တရုတ်နိုင်ငံသည် ကမ္ဘာ့ အလုပ်ရုံကြီးအဖြစ်ကို  စွန့်လွှတ်ရတော့မည်ဖြစ် သည်။ ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် အလုပ်သမား အင်အားထု  စတင်လျော့နည်းလာမည်ဖြစ်ပြီး၊ အခက်အခဲများ ပိုမိုကြီးမားလာနိုင်သည်။ ၂၀၃၀ ပြည့်နှစ်ခန့်ဆိုလျှင် ပြည်ပမှ အလုပ်လုပ်မည့်သူ များကို ပိုမိုတင်သွင်းရလိမ့်မည်ဟု ဆိုပါသည်။Ref;The Economist.