Main menu

Background

အင်ဒိုနီးရှားနိုင်ငံမှ သတ္တုရိုင်းတင်ပို့မှုအပေါ် အခွန်စည်းကြပ်တော့မည်

Wed, 05/16/2012 - 08:57 -- Anonymous (not verified)

          ပြည်တွင်းသံရည်ကျိုစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေ ရန် အတွက် သတ္တုရိုင်းတင်ပို့မှုအပေါ် ပို့ကုန်အခွန်ကို မေ ၆ ရက်က စတင်စည်းကြပ်တော့မည်ဟု စွမ်းအင်နှင့်သတ္တုဝန်ကြီး ဌာနက မေ ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။  အင်ဒိုနီး ရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ၌ လာရောက်ကြသည့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများသည် ထုတ်လုပ်မှုစတင်ပြီးနောက် ၁၀ နှစ် အကြာတွင် အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်ရှိသည်ဟု ကြေညာချက်ထုတ်ပြန်ပြီး ၂ လအကြာမှာ သတ္တုရိုင်း တင်ပို့မှု အပေါ် ပြည်ပပို့ကုန်အခွန် စည်းကြပ်မည့်ဥပဒေ ထွက်ပေါ်လာ ခြင်းဖြစ်ပါတယ်။ အင်ဒိုနီးရှားမှ ပြည်ပသို့တင်ပို့တဲ့  သတ္တုအမယ်များ အနက် ၁၄ မျိုးကို ပြည်ပပို့ကုန်ခွန် စည်းကြပ်မှာဖြစ်ပါတယ်။ အဆိုပါ ၁၄မျိုးမှာ ရွှေ၊ ကြေးနီ၊ ငွေ၊ ဒန်၊ ခဲနဲ့နီကယ်တို့ ပါဝင် ပါတယ်။၂၀၁၄ခုနှစ်မတိုင်မီ ပြည်တွင်းမှာ သံသတ္တုအရည်ကျိုစက် ရုံတည်ဆောက်မယ့် စီမံကိန်း တင်ပြနိုင်ခြင်းမရှိလျှင် မေ ၆ ရက် နောက်ပိုင်းကစပြီး သတ္တုရိုင်းများ လုံးဝတင်ပို့ခွင့်ရတော့မှာ မဟုတ် ဘူးလို့ စွမ်းအင်နဲ့ သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီးက ပြောကြားခဲ့ပါ တယ်။ သံသတ္တုအရည်ကျိုစက်ရုံများတည်လာခြင်းဖြင့် အင်ဒိုနီးရှား နိုင်ငံသားတွေ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိလာနိုင်မှာ ဖြစ် တယ်လို့ ဝန်ကြီးက ဆိုပါတယ်။ အရှေ့တောင်အာရှမှာ စီးပွားရေးအင် အားအကောင်းဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ တူးဖော်ခြင်းမပြုလုပ် ရသေးတဲ့ သတ္တုသိုက်များစွာရှိနေသေးတယ်လို့ သိရပါတယ်။ ယခု နှစ် ဇန်နဝါရီမှ မတ်လအတွင်းမှာ ပြည်ပရင်းနှီးမြှုပ်နှံမှု အများဆုံး လာရောက်မြှုပ်နှံကြပြီး ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကျော်ဖိုး ရှိတယ်လို့ AFP  သတင်းမှာ ဖော်ပြထားပါတယ်။    ကေကေ Source, Internet