Main menu

Background

လှုပ်လှုပ်ရှားရှား ရှိနေဆဲဖြစ်နေတဲ့ မြန်မာ့ရွှေဈေးကွက်

Wed, 05/16/2012 - 09:50 -- Anonymous (not verified)

  ယခုတစ်ပတ်အတွင်းမှာ  မြန်မာ့ ရွှေဈေးကွက်ဟာ  မငြိမ်မသက် ဖြစ်နေ ခြင်းနှင့်အတူ လှုပ်လှုပ်ရှားရှားဖြစ်နေဆဲ ပင်ရှိသည်ဟု မြန်မာ့ရွှေဈေးကွက်အ တွင်းမှ စုံစမ်းသိရှိရသည်။ကမ္ဘာ့ရွှေဈေးကွက်  တည်ငြိမ်မှု မရှိခြင်းသည် မြန်မာ့ရွှေဈေးကွက်ကိုပါ ရိုက်ခတ်လာနိုင်ကြောင်း မြန်မာ့ရွှေလုပ် ငန်းရှင်များက သုံးသပ်လျက်ရှိသည်။ ထို့ပြင် မြန်မာ့ရွှေဈေးကွက်သည် တစ် ပတ်အတွင်း ၉၀၀၀ကျပ်နီးပါးမျှ ကျ ဆင်းခဲ့သည်။ မေ ၇ ရက်နှင့် ၈  ရက်တို့တွင် မြန်မာ့ရွှေဈေးသည် အခေါက်ရွှေတစ် ကျပ်သားလျင် ကျပ် ၇၁၂၅၀၀ ရှိခဲ့ရာ မှ မေလ ၉ရက်နေ့တွင် ကျပ် ၇၀၃၅၀၀ သို့ ရုတ်ခြည်းကျဆင်းသွားခဲ့သည်။ ထို အချိန်က  ကမ္ဘာ့ရွှေဈေးသည်လည်း တစ်နေ့တည်းမှာပင် တစ်အောင်စလျှင် ဒေါ်လာ ၅၀ နီးပါးမျှ ကျဆင်းခဲ့သည် ကိုတွေ့ရသည်။"ကမ္ဘာ့ရွှေဈေး ကျလာတာရော ဒီ မှာက ရွှေဈေးတွေ  ဆက်တိုက်ကျမယ် ဆိုတဲ့သတင်းရောပေါင်းပြီး မြန်မာ့ရွှေ ဈေးက ကျလာတာပါ။ ရွှေဈေးကျမယ့် အရိပ်အယောင်မြင်တော့ ရွှေဝယ်စုတဲ့ သူတွေက  ထုတ်ရောင်းလာကြတယ်။ ရွှေလောကမှာ အဝယ်ထက် အရောင်း က ပိုများလာတယ်။ အထည်ဝယ်တဲ့သူ တွေကတော့ ပုံမှန်အတိုင်းပဲ။  ရွှေကို ဝယ်ရောင်း  လုပ်နေတဲ့သူတွေကတော့ ရွှေဈေးကို နားစွင့်ပြီး အရောင်းအဝယ် လုပ်ကြတာဆိုတော့ အခုလိုရွှေဈေးကျ တော့မယ်ဆိုတာနဲ့ထုတ်ရောင်းကြတာ။ နောက်ပြီး ကမ္ဘာ့ရွှေဈေးကလည်း ကျ ဆိုတော့ မြန်မာ့ရွှေဈေးက တစ်ရက်ထဲ မှာကို ကျပ်၉၀၀၀လောက်ကျဆင်းသွား  ရတာပါ။ ဆက်ပြီးကျဖို့တော့မရှိပေမယ့် ဒီအတိုင်း ခုနစ်သိန်းနားမှာပဲ ဝဲနေမှာ ပါ"ဟု ရွှေကုန်သည်တစ်ဦးက ဆိုသည်။ကမ္ဘာ့ရွှေဈေးသည် မေလ ၇ရက် နေ့က တစ်အောင်စလျှင် ၁၆၃၉ဒေါ် လာရှိခဲ့သော်လည်း မေလ ၁၁ရက်နေ့ တွင် ၁၅၈၆ဒေါ်လာသာရှိခဲ့သည်။မယ်သီတာ