ပြင်သစ်နဲ့ ဂရိမှာ ရွေးကောက်ပွဲတွေ ကျင်းပပြီးစီးပြီးနောက်ပိုင်း အီးယူဒေသကြွေးမြီအကျပ်အတည်းကို ထိန်း ချုပ်နိုင်မှာလား၊ မထိန်းချုပ်နိုင်တော့ဘူးလားဆိုတဲ့ သံသယတွေကြောင့် ယူရိုငွေတန်ဖိုးကျဆင်းကာ ကန်ဒေါ်လာ တန်ဖိုး မြင့်မားလာတယ်။ကန်ဒေါ်လာတန်ဖိုး မြင့်မားလာရာ ကန်ဒေါ်လာနဲ့ဝယ်ယူရတဲ့ ကုန်စည်တွေကို စိတ်ဝင်စားမှု လျော့နည်းသွား ရာ ရွှေဈေးနှုန်းတွေက အားနည်းလာတယ်။ မေ ၇ ရက် ဂရင်းနစ် စံတော်ချိန် ၀၃၂၈ နာရီမှာ လက်ငင်းအရောင်းရွှေ က တစ်အောင်စကို သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းကာ ၁၆၃၈ ဒသမ ၄၅ဒေါ်လာအထိကျဆင်းခဲ့တယ်။အာရှ ဈေးကွက်မှာလည်းရွှေဈေးကွက်ကအားနည်းနေတယ်လို့သိရပါတယ်။ Source:reuters.com ,bloomberg.com ပပ
Background