ထိုင်း၊ ဗီယက်နမ်နဲ့ မလေးမှ မြေသြဇာများဝင်
ထိုင်း၊ ဗီယက်နမ်နဲ့ မလေးမှ မြေသြဇာများဝင်ဒီသီတင်းပတ်ဖြစ်တဲ့ ဧပြီ ၂၉ ရက်မှ ၅ ရက်တာ ကာလအတွင်း မြေသြဇာ ၉၈၄ ဒသမ ၁၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းလေးသောင်းကျော်ဖိုး ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တင်သွင်းခဲ့တဲ့မြေသြဇာတန်ချိန်နဲ့ နိုင်ငံတွေက ဗီယက်နမ်နိုင်ငံမှ ကွန်ပေါင်းမြေသြဇာ တန် ၅၀၀၊ သြဂဲနစ်မြေသြဇာက ၂၆၆ ဒသမ ၅ တန်၊ ထိုင်းနိုင်ငံမှ မြေသြဇာတန်ချိန် ၁၉၇ ဒသမ ၂၄၊ တရုတ်(တိုင်ပေ)မှ မြေသြဇာ ၁၆ တန်နဲ့ မလေးရှားနိုင်ငံမှ မြေသြဇာ တန်ချိန် ၄ ဒသမ ၄၅ အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ် မြေသြဇာတင်သွင်းမှုက တန်ချိန် တစ်ထောင့်ငါးရာကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်တင်သွင်းတဲ့တန်ချိန်နဲ့ယှဉ်ရင် တန် ၅၀၀ လောက်လျော့နည်းပြီး တင်သွင်းခဲ့ တာ တွေ့ရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် မတ်လမြေသြဇာတင်သွင်းမှုက တန်ချိန်လေး ထောင့်ကိုးရာကျော်ရှိခဲ့ပြီး ဧပြီလ မြေသြဇာတင်သွင်းမှုက တန်ချိန်ငါးထောင့်ငါးရာ ကျော်ရှိခဲ့တာကြောင့် ဧပြီလမှာ တန်ချိန်ခြောက်ရာကျော်ပိုမိုတင်သွင်းနိုင်တာ တွေ့ရ ပါတယ်။ MIRT (DOT)နယ်စပ်မှယခင်သီတင်းပတ်ထက် တန် ၃၀၀ နီးပါး တင်သွင်းမှုပိုနယ်စပ်ကုန်သွယ်ရေးစခန်းများမှ မေလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၅၄၁ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၇၉၄၂ ဒသမ ၂၅ တန်ကို တင်သွင်းမှုရှိခဲ့ရာ ယခင်အပတ်ကထက် ၂၉၅ ဒသမ ၈၈၁ တန်ပိုမိုတင်သွင်း ခဲ့ပါတယ်။ နယ်စပ်အလိုက်တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၇၃၁၇ တန်၊ ရိဒ်မှ ၂၇၁ တန်ကျော်၊ ကော့သောင်းမှ တန် ၁၉၀နဲ့ မြဝတီမှ ၁၆၄ တန် အသီးသီးဖြစ်ပါ တယ်။ မူဆယ်နဲ့ ကော့သောင်းနယ်စပ်များမှ ယခင်အပတ်ထက် အသွင်းပို့ခဲ့ပြီး၊ မြဝတီနဲ့ ရိဒ်နယ်စပ်စခန်းများသည် လျော့နည်းတင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ်မှ ယူရီးယား၊ ကွန်ပေါင်း (၁၀း၁၀း၅)၊ နိုက်ကြိတ် ဖော့စဖိတ်၊ တီစူပါဖော့ဖိတ်နဲ့ စင်ဂဲလ်စူပါဖော့ဖိတ်တို့ အများဆုံးတင်သွင်းခဲ့ကြပါ တယ်။ MIRT (DOBT)အရောင်းလဲသွက် ဈေးလဲတက် ဓာတ်မြေသြဇာဈေးကွက်မော်လမြိုင်ဓာတ်မြေသြဇာဈေးကွက်မှာ မြေသြဇာက အရောင်းလိုက်လာ တယ်လို့ မြေသြဇာအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ အရောင်း လိုက်ပေမဲ့လည်း ဈေးကတော့ အရင်တစ်ပတ်ဈေးအတိုင်းဘဲ ငြိမ်နေတယ်လို့သိရပါ တယ်။ ဒီတစ်ပတ်မှာအရောင်းလိုက်တဲ့ မြေသြဇာက ပုလဲ အသေး ၄၆%(ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်)တို့ဖြစ်ပါတယ်။ ဒီတစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ မြေသြဇာဈေးများမှာ ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) (တရုတ်) က ၂၄၀၀၀ ကျပ်၊ ကွန်ပေါင်း အစိမ်း ၁၅း၁၅း၁၅ (ထိုင်း)က ၃၄၀၀၀ ကျပ် ၊ ကွန်ပေါင်း (ပန်းရောင်) က ၃၀၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၂၉၀၀၀ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) ၂၃၅၀၀ ကျပ်၊ တီစူပါ ၁၆% (မြားကမ္ဘာ) တရုတ်က ၁၁၅၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။တောင်ကြီးဓာတ်မြေသြဇာဈေးကွက်မှာ မြေသြဇာက နည်းနည်းအရောင်း သွက်လာပြီး ရောင်းအားရှိလာတာနဲ့အမျှ ဈေးကလည်း နည်းနည်းတက်လာတယ် လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဒီအချိန် ရောင်းအားရှိတဲ့ မြေသြ ဇာတွေက ဓာတ်ဆားနဲ့ ယူရီးယား-ပုလဲတို့ပဲ ဖြစ်ပါတယ်။ ဒီတစ် ပတ်အရောင်း အဝယ်ဖြစ်တဲ့ ဈေးတွေက ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) (ရွှေတောင်-တရုတ်) ၂၂၅၀၀ ကျပ်၊ ယူရီးယား (ပန်းဖူး-တရုတ်) ၂၃၀၀၀ ကျပ်၊ တီစူပါ ၁၂% (တရုတ်) က ၁၀၀၀၀ကျပ်၊ တီစူပါ ၁၆%(တရုတ်) ၁၀၅၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၇၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) က ၁၆၅၀၀ ကျပ်၊ ဓာတ်ဆား (တရုတ်) ၁၇၀၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၅၀၀၀ ကျပ်၊ ယူရီးယား (ယူအေအီး) ၂၀၀၀၀ ကျပ်တို့ ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်ဓာတ်မြေသြဇာဈေးကွက်တွင် မြေသြဇာက အရောင်းပုံမှန်ရှိတယ် လို့ မြေသြဇာအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ် အရောင်း အဝယ်ဖြစ်နေတဲ့ မြေသြဇာဈေးတွေက ယူရီးယား (ကြာဖူး-တရုတ်) ၂၁၀၀၀ ကျပ်၊ ကမ္ဘာလုံး- တရုတ် ၂၁၁၀၀ ကျပ်၊ ရွှေတောင်-တရုတ် ၂၁၂၀၀ ကျပ်၊ တီစူပါ (သံကွင်း-တရုတ်)က ၂၁၀၀၀ ကျပ်၊ တီစူပါ ၁၆% ၈၉၀၀ ကျပ်၊ တီစူပါ ၁၂% ၈၄၀၀ ကျပ်၊ ပိုတက်(အိန္ဒိယ) ၂၃၀၀၀ ကျပ်၊ ကွန်ပေါင်း (တိုးနယား-တရုတ်) ၂၃၇၀၀ ကျပ်၊ ကွန်ပေါင်း ၁၃း၅း၇ က ၁၃၄၀၀ ကျပ်၊ ကွန်ပေါင်း ၁၀း၁၀း၅ က ၁၄၆၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၅း၅ က ၁၄၇၀၀ ကျပ်နဲ့ ကွန်ပေါင်း (မြားကမ္ဘာ) ၁၂း၁၃ က ၁၅၃၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။မကွေးမြေသြဇာဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာ အရောင်းပုံမှန် ရှိတယ်လို့ မြေသြဇာအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ အရောင်းပုံမှန် ရှိသလို မြေသြဇာဈေးတွေကလည်း ငြိမ်နေတယ်လို့ဆိုပါတယ်။ ဒီတစ်ပတ်မှာ အာမို ၁၀း၁၀း၅ က ငါးရာကျပ်နဲ့ အာမို ၁၅း၁၅း၁၅ က နှစ်ရာကျပ် ဈေးမြင့်တယ်လို့ သိရပါတယ်။ ကျန်တဲ့မြေသြဇာတွေက ယခင်တစ် ပတ်ဈေးအရောင်းဘဲရှိနေတယ် လို့ ပြောပါတယ်။ မြားကမ္ဘာ-တရုတ် ၁၂း၁၃ (အပြာ)က ၁၇၅၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၇၀၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၇၅၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ က ၃၆၇၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၄၈၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)က ၂၃၅၀၀ ကျပ်၊ တီစူပါ(မြားနီ-တရုတ်) ၂၅၀၀၀ ကျပ်၊ တောင်သူမက ၁၆၅၀၀ ကျပ်၊ ပိုတက်က ၂၅၀၀၀ ကျပ်နဲ့ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၈၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ MIRT (DOT)
