Main menu

Background

ဘိလပ်မြေတန်ချိန် တစ်သောင်းနှစ်ထောင်ကျော်ဝင်

Wed, 05/16/2012 - 10:06 -- Anonymous (not verified)

ဘိလပ်မြေတန်ချိန် တစ်သောင်းနှစ်ထောင်ကျော်ဝင်ဧပြီ ၂၉ ရက်မှ မေ ၅ ရက်တာကာလအတွင်း ဘိလပ်မြေ တန်ချိန် ၁၂၁၂၀ ဒသမ ၁၅ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ကိုးသိန်းနှစ်သောင်းကျော်ဖိုးကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဆင်တံဆိပ် ဘိလပ်မြေ ၆၄၂၀ ဒသမ ၁၅ တန်နဲ့ အခြားဘိလပ်မြေမျိုးစုံတန်ချိန် ၅၇၀၀ တင် သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေတင်သွင်းမှုက တန်ချိန် တစ်သောင်း တစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေတင်သွင်းမှု အနည်းငယ် လျော့ခဲ့ပါတယ်။ ဧပြီလအတွင်း ဘိလပ်မြေတင်သွင်းမှုက တန်ချိန် တစ်သိန်းနှစ် သောင်းကျော်ရှိခဲ့ပြီး မတ်လအတွင်း ဘိလပ်မြေတင်သွင်းမှုက တန်ချိန် သုံးသိန်းနှစ် သောင်းကျော်ရှိခဲ့တာကြောင့် ဧပြီလမှာ ဘိလပ်မြေတင်သွင်းမှုက မတ်လဘိလပ်မြေ တင်သွင်းမှုထက် နှစ်ဆကျော်လောက် လျော့နည်းခဲ့ပါတယ်။       MIRT (DOT)နယ်စပ်မှ ဘိလပ်မြေ တန် ၁၉၀၀ ကျော် ယခုအပတ်မှာအသွင်းရှိမေ ၂ ရက်မှ ၈ ရက်ထိကာလအတွင်းမှာ နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖြစ်တဲ့ မူဆယ်၊ တာချီလိတ်၊ မြိတ်နဲ့ မောင်တောနယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၀ ဒသမ ၁၅၉ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၁၉၄၁ တန် ကျော်အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၅၂၇ တန်တင်သွင်းမှုပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက်တင်သွင်း နိုင်မှုတွေကတော့ မူဆယ်မှ တန် ၃၅၀ ကျော်၊ တာချီလိတ်မှ ၁၀၃၄ တန်ကျော်၊ မြိတ်မှ ၃၆၂ တန်ကျော်နဲ့ မောင်တောမှ ၁၉၄ တန်ကျော် အသီးသီးတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ယခုအပတ်မှာ ချင်းရွှေဟော်နဲ့ကန်ပိုက်တီး စခန်းများမှအသွင်းမရှိခဲ့ သော်လည်း တာချီလိတ်မှအသွင်းပိုခဲ့ခြင်း၊ မူဆယ်မှ အသွင်းရှိခြင်းတို့ကြောင့် ဘိလပ် မြေ တင်သွင်းမှုပမာဏပိုခဲ့တာဖြစ်ပါတယ်။                              MIRT (DOBT)ပြောင်းလဲမှုမရှိတဲ့ ဘိလပ်မြေဈေးကွက်    မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအေးတယ် လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ အရောင်းအေးသလို  ဈေးက လည်း တန့်နေတယ်လို့လဲ ပြောပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ဈေးကလည်း ယခင် အပတ်ဈေးအတိုင်း မြင်းခေါင်းဘိလပ်မြေ  တစ်အိတ် ၃၀၀၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေ တစ်အိတ်ကို ၄၉၀၀ ကျပ်နဲ့ ကြံ့(မြိုင်ကလေး) က ၃၇၀၀ ကျပ် ဈေး အသီးသီးတို့ ဖြစ်ပါတယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်အရောင်းအဝယ် ဖြစ် တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးအတိုင်း ပြောင်းလဲမှုမရှိဘဲ ဈေးကွက်အတွင်းရှိနေ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဘိလပ်မြေဈေးက စိန်(ထိုင်း)က ၇၈၀၀ ကျပ်၊ ခြင်္သေ့က ၅၀၀၀ ကျပ်၊ မြို့တော်က ၄၈၀၀ ကျပ်နဲ့ နဂါးက ၅၈၀၀ ကျပ်ဈေးရှိတယ် လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ အရောင်း ဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ယခင်တစ်ပတ်ဈေးအတိုင်း ပြောင်းလဲမှုမရှိဘဲ ဈေးကွက်အတွင်း ပုံမှန်လေးပဲရှိနေပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက အေသုံးလုံး ၅၃၀၀ ကျပ်၊ မြန်မာဆင် ၅၀၀၀ ကျပ်၊ ဆင်(ထိုင်း) ၆၃၀၀ ကျပ်၊ စိန် (ထိုင်း) ၆၂၀၀ ကျပ်၊ ဆင်မင်း ၅၀၀၀ ကျပ်၊ ကျားခေါင်း ၅၁၀၀ ကျပ်နဲ့ မြင်းခေါင်းက ၄၆၀၀ ကျပ်ဈေးတို့နဲ့ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါ တယ်။ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ဘိလပ်မြေက ရောင်းအားကောင်းတယ် လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ရောင်းအားရှိပေမဲ့လည်း ဘိလပ် မြေဈေးက ယခင်တစ်ပတ်ဈေးအတိုင်း ပြောင်းလဲမှုမရှိဘဲ ငြိမ်နေတယ်လို့ ပြောပါ တယ်။ ဒီတစ်ပတ် ဘိလပ်မြေဈေးက ဆင်(ထိုင်း) ၄၈၅၀ ကျပ်၊ စိန်(ယိုးဒယား) က ၄၇၅၀ ကျပ်၊ ကျောက်ဆူး တံဆိပ်ဘိလပ်မြေက ၄၅၀၀ ကျပ်၊ BLUE LION    က ၄၅၀၀ ကျပ်နဲ့ မြင်းခေါင်းတံဆိပ်က ၃၈၀၀ ကျပ်ဈေးအသီးသီးရှိတယ်လို့ သိရပါတယ်။မကွေးဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက အရောင်း ပုံမှန်ရှိတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ရောင်းအားပုံမှန်ရှိပေမဲ့ မြင်းခေါင်း ဘိလပ်မြေက ယခင်တစ်ပတ်ထက်စာရင် တစ်ရာကျပ် ဈေးကျလာတယ်လို့ ပြော ပါတယ်။ ဒီတစ်ပတ်အရောင်းအဝယ်ဖြစ်နေတဲ့ ဘိလပ်မြေဈေးတွေက ဆင်(ထိုင်း) ဘိလပ်မြေက ၅၉၀၀ ကျပ်နဲ့ မြင်းခေါင်းဘိလပ်မြေက ၄၄၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။                                             MIRT (DOT)