Main menu

Background

လက်ကျန်နည်းပြီး ဈေးမြင့်လာတဲ့ ဟင်္သာတပဲပုပ်

Thu, 05/17/2012 - 04:45 -- Anonymous (not verified)

    ဟင်္သာတဈေးကွက်အတွင်း ပဲပုပ် ဈေးဟာစပေါ်ခါစ ဒီဇင်ဘာလ ဒုတိယ ပတ်က တစ်တင်း ၁၅၃၀၀ ကျပ်ဈေးရှိခဲ့ ပြီး၊ ဇန်နဝါရီလဆန်းပိုင်းမှာတစ်တင်း ၁၄၈၀၀ ကျပ်နဲ့ ဈေးအနည်းငယ်ကျ ကာ ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ၁၄၀၀၀ ကျပ်ထ ဈေးအေးခဲ့ပါတယ်။ ဖေဖော်ဝါရီလဆန်းပိုင်းမှာတော့တစ်တင်း ၁၄၅၀၀ ကျပ်၊ ဖေဖော်ဝါရီလကုန်ပိုင်း မှာ ၁၅၀၀၀ ကျပ်ဈေးသို့ မြင့်သွားပြီး၊ မတ်လမှာ တစ်တင်း ၁၃၈၀၀ ကျပ် - ၁၄၂၀၀ ကျပ်နဲ့ ဈေးအတက်အကျ ရောင်းဝယ်မှု ပုံမှန်ဖြစ်ခဲ့ပါတယ်။ ဧပြီလ ကုန်ပိုင်းမှာ ပဲပုပ်တစ်တင်း ၁၄၅၀၀ ကျပ်၊ယခုမေလပထမပတ်မှာ တစ်တင်း ကို ၁၅၆၀၀ ကျပ်နဲ့ ပဲပုပ်ရာသီချိန်တွင်း မှာအမြင့်ဆုံးဈေးဖြစ်နေကြောင်းသိရပါ တယ်။ ပဲဝင်ရောက်မှုလည်း နည်း၊ ပဲပုပ် လက်ကျန်နည်းသွားပြီဖြစ်လို့ ပဲစီးထွက် မှုအနေနဲ့ ရန်ကုန်ဈေးကွက်ကို တစ်ရက် ပျမ်းမျှ အိတ် ၃၀၀ ခန့် တင်ပို့နေတယ် လို့ သိရပါတယ်။အေးအေးခိုင်