Main menu

Background

တရုတ်နိုင်ငံရဲ့ ဝယ်လိုအားက ကမ္ဘာ့ပဲပုပ်ဈေးနှုန်း မြင့်တက်မှုကို ထိန်းထား

Thu, 05/17/2012 - 04:45 -- Anonymous (not verified)

    တရုတ်နိုင်ငံမှ ပဲပုပ်ဝယ်လိုအား မြင့်တက်မှုဟာ ကမ္ဘာ့  ပဲပုပ်ဈေးနှုန်း အမြင့်ဆုံးကို ရောက်ရှိဖို့  တွန်းပို့ဖွယ် ရှိနေပါတယ်။ လွန်ခဲ့တဲ့  ၁၀ နှစ်မှာ တရုတ်နိုင်ငံရဲ့  ပဲပုပ်တင်သွင်းမှုဟာ နှစ်စဉ် ၁၇ ရာခိုင်နှုန်း    မြင့်တက်ခဲ့ ပါတယ်။ အမေရိကန်စိုက်ပျိုးရေးဌာန USDA  ရဲ့ခန့်မှန်းချက်အရအမေရိကန် ပဲပုပ်သိုလှောင်လက်ကျန်ဟာ တင်ပို့မှု တိုးတက်နေတာကြောင့် ၁၉၆၅ ခုနှစ် နောက်ပိုင်း အနိမ့်ဆုံးကို ကျဆင်းလာ ဖွယ် ရှိပါတယ်။    ပဲပုပ်အဓိက ထုတ်လုပ်ရာ နိုင်ငံ များ ဖြစ်တဲ့ ဘရာဇီး၊ အာဂျင်တီးနား၊ ပါရာဂွေး၊ ဥရုဂွေးနဲ့  ဘိုလီဗီရားတို့မှာ မိုးခေါင်ခြောက်သွေ့တာကြောင့် သီးနှံ ပျက်စီးလို့ ယခုနှစ် ထုတ်လုပ်မှုဟာ ၁၆ ရာခိုင်နှုန်းကျဆင်းဖွယ်ရှိနေပါတယ်။ အမေရိကန်    ပဲပုပ်သိုလှောင်မှုဟာ နောက်နှစ်မှာ ဘူရှယ် ၁၇၂ သန်း (တန်ချိန် ၄ ဒသမ ၆၅ သန်း)ကို ၂၀ ရာခိုင်နှုန်း ကျဆင်းဖွယ်ရှိပါတယ်။    ယင်း   အကြောင်းအရာများ ကြောင့် ကမ္ဘာ့ဈေးကွက်မှာ ပဲပုပ် ဈေး နှုန်း   ဆက်လက်မြင့်တက်လာဖွယ် ရှိနေပါတယ်။ မေလ ၇ ရက် ICE  မှာ မေလပို့ရမယ့် ပဲပုပ်ဈေးဟာ တစ်ဘူ ရှယ်ကို ၁၄၆၃ ဆင့် (တစ်တန် ကန်ဒေါ်လာ ၅၄၁)ရှိကြောင်း သိရပါ တယ်။ယမင်းခင်၊Source: commodity  online