Main menu

Background

ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှု သိသိသာသာလျော့ကျလာ

Thu, 05/17/2012 - 04:46 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုက သိသိသာသာ လျော့ကျလာခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၅၀၀ ကျော်တင်ပို့နိုင်ခဲ့ပေမယ့် ဧပြီ ၃၀ ရက်မှ မေလ ၄ ရက်အထိတစ်ပတ်အတွင်းမှာတော့နှမ်းတန် ၂၃၀ ကျော်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ကိုရီးယား၊ စင်ကာပူနဲ့ တရုတ်တို့ကို ဖြစ်ပါ တယ်။    ၂၀၁၂ ဧပြီလအတွင်းမှာ နှမ်းတန်ချိန် ၁၃၀၀ ခန့် တင်ပို့မှုရှိခဲ့ပြီး မတ်လမှာ တန်ချိန် ၂၅၀၀ ကျော် တင်ပို့ခဲ့ပါတယ်။ ၂၀၁၁ ဧပြီလအတွင်းမှာလည်း နှမ်းတန်ချိန် ၁၃၀၀ ခန့်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် မေလ ၄ ရက် အထိ စုစုပေါင်း နှမ်းတန်ချိန် ၃၂၀၀ ကျော် တင်ပို့မှုရှိခဲ့ပြီး ၂၀၁၁-၁၂ ဘဏ္ဍာနှစ် ကာလတူမှာ တန် ၂၀၀၀ ခန့်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ MIRT - MAPT