Main menu

Background

တရုတ်ဝယ်လက်များ အဝယ်ရှိလို့ ဈေးပြန်မြင့်လာတဲ့ ပြည်မြေပဲဆန်

Thu, 05/17/2012 - 04:48 -- Anonymous (not verified)

    ပြည်ဈေးကွက်တွင် မြေပဲဆန်ဈေးမှာ ယခင်အပတ်ထက် ဈေးမြင့်လာတာ တွေ့ရပါတယ်။ မြေပဲဆန်ကို တရုတ်ဝယ်လက်များ ပြန်ဝယ်လာလို့ ဈေးမြင့်လာ တယ်လို့ သိရပါတယ်။ မင်းတုန်း၊ ပေါက်ခေါင်းနဲ့အောင်လံဘက်မှ တစ်နေ့ကို မြေပဲ ဆန် အိတ် ၈၀၀ ခန့်ဝင်ရောက်လာပြီး၊ ရန်ကုန်ဆီစက်များနဲ့ တရုတ်ဝယ်လက်များ အရောင်း အဝယ်ဖြစ်တာတွေ့ရပါတယ်။ မြေပဲဆီဆန်တစ်ပိဿာ ၁၇၀၀ ကျပ်နဲ့ လုံးဆန် တစ်ပိဿာ ၁၉၀၀ ကျပ်ဈေးနဲ့ တစ်နေ့ အိတ် ၇၀၀-၈၀၀ ခန့် အရောင်း အဝယ်ဖြစ်တာ တွေ့ရပါတယ်။ မြေပဲဆီ တစ်ပိဿာကို ၃၅၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။ ဝေေ၀မင်း