Main menu

Background

အီးယူဇုန် ကြွေးပြဿနာကြောင့် စားအုန်းဆီကြမ်းဈေး အကျနဲ့ပိတ်

Thu, 05/17/2012 - 04:51 -- Anonymous (not verified)

    အီးယူဇုန် ကြွေးပြဿနာနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံသူများ အကျပ်အတည်း ဖြစ်ခြင်းနဲ့ စားအုန်းဆီ ထုတ်လုပ်တင်ပို့မှု စာရင်းများ ထုတ်ပြန်မယ့် ရက်နီးကပ်လာ တဲ့အတွက် ရောင်းဝယ်မှု ငြိမ်နေတာကြောင့် မလေးရှားကုန်စည်ဒိုင် စားအုန်းဆီ ကြိုပွိုင့်ဈေး အကျနဲ့ပိတ်ကြောင်း သိရပါတယ်။ ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ ဇူလိုင်အခြေခံစံနှုန်း စာချုပ်ဈေးက ယခင်ရက်ထက် သုည ဒသမ ၅ ရာခိုင်နှုန်း လျော့ကျပြီး၊ တစ်တန် ရင်းဂစ် ၃၃၃၅(ကန်ဒေါ်လာ ၁၀၈၆)နဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။    မေလပထမ ၁၀ ရက်အတွင်း ပြည်ပဝယ်လိုအားက ဧပြီလကာလတူနဲ့ ယှဉ် ရင် ၃ ရာခိုင်နှုန်း - ၈ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်တယ်လို့ ကွာလာလမ်ပူရှိ ကုန်သည် တစ်ဦးကဆိုပါတယ်။ ကုန်စည်စစ်ဆေးတဲ့ အေဂျင်စီများရဲ့ စာရင်းအရ ဧပြီလ ၁ ရက်မှ ၁၀ ရက်အတွင်း တန်ချိန် ၄၇၈၉၄၈ တင်ပို့ခဲ့ကြောင်း သိရပါတယ်။ မလေးရှား နိုင်ငံရဲ့ ဧပြီလကုန်စည် စားအုန်းဆီသိုလှောင်မှုဟာ ယခင်လထက် ၃ ရာခိုင်နှုန်း - ၇ ရာခိုင်နှုန်းကျဆင်းပြီး၊ တန်ချိန် ၁ ဒသမ ၈၃ သန်း - ၁ ဒသမ ၉ သန်းခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။ ပြည်ပဝယ်လိုအားက ထုတ်လုပ်မှုထက် ကျော်လွန်ဖွယ် ရှိတာကြောင့် လက်ကျန်လျော့ကျခြင်းဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။    စားအုန်းဆီ ထုတ်လုပ်မှု မြင့်တက်ပေမယ့် တောင်အမေရိကမှ  အသီးအရွက် ဆီ ရရှိမှုလျော့ကျတာကြောင့် စားအုန်းဆီ ဝယ်လိုအားတက်ပြီး၊ လက်ကျန် ကျဆင်း လာခြင်းဖြစ်ပါတယ်။ ဂရိအခြေအနေက ဈေးကွက်အတွင်း မရောရာမှုကိုများစွာ ဖန်တီးလျက်ရှိတယ်လို့ ကွာလာလမ်ပူအခြေစိုက် ရင်းနှီးမြှုပ်နှံမှုဘဏ်မှ လေ့လာ ဆန်းစစ်သူ တစ်ဦးက ဆိုပါတယ်။ စားအုန်းဆီဈေးမှာ ဆက်လက်အားလျော့ဖွယ် ရှိတယ်လို့လည်း ၎င်းက ထပ်လောင်း ပြောကြားပါတယ်။    လက်ငင်းဈေးကွက်မှာ မေ၊ ဇွန်သင်္ဘောတင်အတွက် သန့်စင်ပြီး စားအုန်းဆီ ဈေးမှာ တစ်တန် ကန်ဒေါ်လာ ၁၁၂၀ ရှိပြီး၊ ချက်ချင်း တင်ပို့ရမယ့် စားအုန်းဆီ ကြမ်းဈေးကလည်း ရင်းဂစ် ၂၀(ကန်ဒေါ်လာ ၆ ဒသမ ၅၁)ကျဆင်းပြီး၊ တစ်တန် ရင်းဂစ် ၃၃၆၀ (ကန်ဒေါ်လာ ၁၀၉၄)ရှိကြောင်း သိရပါတယ်။ယုဇန Source: palmoilhq.com