Main menu

Background

ပဲတီစိမ်း(အညာ)

Thu, 05/17/2012 - 05:04 -- Anonymous (not verified)

    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ     ယခင်    ယခု    ပြောင်းလဲမှု     ၁    မကွေး            ၁ ပိဿာ    ၁၀၀၀    ၁၀၂၆        ၂        မုံရွာ           ၁ ပိဿာ    ၁၁၀၅    ၁၀၆၈                  ၃    မန္တလေး          ၁ ပိဿာ    ၁၀၆၇     ၁၁၀၀    ၄    ရေစကြို          ၁ ပိဿာ    ၁၀၃၇     ၁၀၂၈ပဲတီစိမ်း(ခရမ်း) နဲ့ ပဲတီစိမ်း (အညာ)ကို တရုတ်အဆွဲပုံမှန်ရှိ    ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ) ကို အိတ်စပို့ ဝယ်လက်တွေက ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်ကျလာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု ကတစ်ပိဿာ ၁၀၇၅ ကျပ်(တစ်တန်ကို ၆၅၈၃၁၉ ကျပ်)နဲ့ တစ်ပတ် အတွင်း တန် ၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေး ကွက်မှာ ပဲတီစိမ်း(ခရမ်း)က ဒီတစ်ပတ်ဈေးသာရှိပြီး အရောင်းအဝယ် အေးခဲ့ပေမယ့် ပဲတီစိမ်း(အညာ)စကိုတော့ တရုတ်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ် ရှိနေတယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲတီစိမ်း(လတ်စ)က တစ်ပိဿာ ၈၉၀ ကျပ်(တစ်တန်ကို ၅၄၅၀၂၇ ကျပ်)၊ ထိပ်စက တစ်ပိဿာ ၁၁၀၀ ကျပ်(တစ်တန်ကို ၆၇၃၆၂၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့် ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ မကွေးဈေးကွက် မှာ ပဲတီစိမ်းကို ရန်ကုန်-မန္တလေးဝယ်လက်က ဝယ်အားပုံမှန်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၂၆ ကျပ်(တစ်တန်ကို ၆၂၈၃၁၂ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၃၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မုံရွာဈေး ကွက်မှာ ပဲတီစိမ်းကို မန္တလေးအဆွဲပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည် တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေတယ်လို့ မြို့ခံကုန်သည်တစ်ဦး ကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၆၈ ကျပ် (တစ်တန်ကို ၆၅၄၀၃၂ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်သာဖြစ် ခဲ့ကြောင်း သိရပါတယ်။