စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မန္တလေး ၁ ပိဿာ ၉၀၇ ၉၀၇ ၂ မကွေး ၁ ပိဿာ ၉၂၁ ၉၆၃ ၃ မုံရွာ ၁ ပိဿာ ၉၀၀ ၉၀၅ ၄ အောင်လံ ၁ ပိဿာ ၉၀၀ ၉၆၅ ၅ မြင်းခြံ ၁ ပိဿာ ၈၇၅ ၉၄၀ ၆ ပြည် ၁ ပိဿာ ၉၂၅ ၉၂၅ကုလားပဲကို မြို့ခံပဲခွဲစက်တွေ အဆွဲပုံမှန်ရှိလို့ ဈေးမြင့်လာ မကွေးဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေက ပစ္စည်း ဝယ်ယူဖြည့်တင်းတဲ့အနေနဲ့ ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၆၃ ကျပ် (တစ်တန်ကို ၅၈၉၇၃၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၃၀၀ ကြား အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မြင်းခြံဈေးကွက်မှာ ကုလားပဲကို ခွဲ စက်သမားများက ဝယ်လိုအားများလာသလို ရောင်းသူကုန်သည်များ ကလည်း အဆိုပါဈေးနဲ့ အရောင်းများလာတယ်လို့ ဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၄၀ ကျပ်(တစ်တန်ကို ၅၇၅၆၄၆ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၅၀ မှ ၃၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲကို ဒေသသုံးပဲခွဲစက်နဲ့ အမှုန့်ကြိတ်စက်သမားများက ဝယ်လိုအားများလာတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၀၅ ကျပ်(တစ်တန် ကို ၅၅၄၂၁၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ မှ ၈၀၀ ကြားအရောင်းအ ဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။ ပြည်ဈေး ကွက်မှာ ကုလားပဲက ဈေးကွက်ကို အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ် လက်နဲ့ ရခိုင်ဝယ်လက်အပြင် တိုင်းအတွင်းရှိ ခွဲစက်များကလည်း အဝယ်မပြတ်ဘဲ အဝယ်လိုက်နေတယ်လို့ မြို့ခံပဲခွဲစက်လုပ်ငန်းရှင် တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၂၅ ကျပ်နဲ့ တစ်ပတ်အတွင်း အိတ် ၃၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background