စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ ဘုရင့်နောင် ၁ တန် ၄၂၆၅၀၀ ၄၅၅၀၀၀ ၂ မန္တလေး ၁ ပိဿာ ၆၅၀ ၆၈၃ ၃ မုံရွာ ၁ ပိဿာ ၆၄၀ ၆၈၀ ၄ ပခုက္ကူ ၁ ပိဿာ ၆၅၅ ၆၈၅ ၅ မြင်းခြံ ၁ ပိဿာ ၆၃၀ ၆၇၀ ၆ အောင်လံ ၁ ပိဿာ ၆၄၀ ၆၉၀ ၇ မကွေး ၁ ပိဿာ ၆၄၅ ၆၈၀ ၈ ပြည် ၁ ပိဿာ ၆၂၅ ၆၇၅ ၉ ရေစကြို ၁ ပိဿာ ၆၄၀ ၆၈၅ ပဲစင်းငုံနီကို အိတ်စပို့အဆွဲသွက်လို့ ဈေးစွာ ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီ (RC) ကို အိတ်စပို့ဝယ် လက်တွေက အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာ ပြီး တစ်တန်ကို အနိမ့်ဆုံး ၄၃၈၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၅၅၀၀၀ ကျပ်အတွင်း တန် ၂၇၆၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ပဲအရောင်းအဝယ်သွက်လာတာကြောင့် ပဲဈေးတွေမြင့်လာ တာလို့ ပဲအရောင်းအဝယ်လုပ်တဲ့ ကုန်သည်တစ်ဦးကဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ပြည်ပဈေး ကွက်ရဲ့ ဝယ်လိုအားများလာတဲ့အပေါ် ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၆၈၃ ကျပ် (တစ်တန်ကို ၄၁၈၂၆၂ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၈၀၀ မှ ၁၀၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါ တယ်။ ပခုက္ကူဈေးကွက်မှာတော့ ပဲစင်းငုံနီကို ရန်ကုန်အဆွဲခပ်ပါး ပါးသာရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၈၅ ကျပ်(တစ်တန်ကို ၄၁၉၄၈၇ ကျပ်)နဲ့ နေ့စဉ် အိတ် ၁၀၀ ခန့် သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ဝယ်လိုအားမြင့်လာတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကအမြင့်မှာရှိနေတယ်လို့ သိရပါတယ်။ တက်ဈေးမှာ ရောင်းသူကုန်သည်များ အရောင်းများလာလို့ အရောင်းအဝယ်ဖြစ် မှုပမာဏ ပိုများလာတယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၇၀ ကျပ်(တစ်တန်ကို ၄၁၀၃၀၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ မှ ၁၀၀၀ ကြား ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲပုံမှန် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၆၈၀ ကျပ်(တစ်တန်ကို ၄၁၆၄၂၅ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၅၀ မှ ၃၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ ပြည်ဈေးကွက်မှာ ပဲစင်းငုံနီဈေးကွက်သို့ အဝင်နည်း ပြီး လက်ကျန်ပဲများကိုသာ ရန်ကုန်အဆွဲပုံမှန်ရှိခဲ့တယ်လို့ သိရပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၇၅ ကျပ်(တစ်တန်ကို ၄၁၃၃၆၃ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့်သာဖြစ်ခဲ့ ကြောင်း သိရပါတယ်။ မုံရွာဈေးကွက်မှာ ပဲစင်းငုံနီကို ကြိုက်ရောင်း ကြိုက်ဝယ်စနစ်နဲ့ အရောင်းအဝယ်လုပ်နေကြတယ်။ ဝယ်လက်တွေ ကဈေးတင်ဝယ်တဲ့ ရက်တွေမှာ တစ်ပိဿာကို ၆၈၀ ကျပ်(တစ်တန် ကို ၄၁၆၄၂၅ ကျပ်)ဈေးနဲ့ အိတ် ၁၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ ပြီး အဝယ်အေးတဲ့ရက်တွေမှာဆိုရင် အိတ် ၅၀၀ ခန့်သာဖြစ်ခဲ့ကြောင်း ပွဲရုံရပ်ကွက်က ဆိုပါတယ်။
Background