အရည်အသွေးမြင့် စပါးမျိုးများ ရွေးချယ် စိုက်ပျိုးခြင်းဖြင့် ဗီယက်နမ်ဆန်ကို နိုင်ငံတကာက အသိအမှတ်ပြု အမှတ်တံဆိပ်အဖြစ် ပြုလုပ်ဖို့ ဗီယက်နမ် စားနပ်ရိက္ခာအသင်း (VFA)နဲ့အတူ ထုတ်လုပ်မှုနဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာနတို့မှ စီစဉ်နေတယ်လို့ သိရပါတယ်။ အဲဒီလို ပြုလုပ်ဖို့ တောင်သူများရဲ့ လယ်ကွင်းများအတွက် အာမခံ ၁၀၀ရာခိုင်နှုန်းပေးခြင်းအပါအဝင် စပါးမျိုးကောင်း များစိုက်ပျိုးဖို့ တောင်သူများကို ထောက်ပံ့မှု အမျိုး မျိုးပေးမယ့် စီမံကိန်းတစ်ခု စီစဉ်ထားကြောင်း၊ ဆိုင်ဂုန်သတင်းမှာ ဖော်ပြထားကြောင်း သိရပါ တယ်။အဲဒီစီမံကိန်းမှာ ပါဝင်တဲ့ လုပ်ငန်းရှင်များ ကိုလည်း အစိုးရမှ ငွေအရင်းအနှီးနဲ့ နည်းပညာ များ မြှင့်တင်ခြင်းဖြင့် ထောက်ပံ့မှုတွေ ပေးသွား မယ်လို့ ဆိုပါတယ်။ အဲဒီလို ဆောင်ရွက်မှုများဖြင့် နိုင်ငံတော် အမှတ်တံဆိပ်ဖန်တီးဖို့ နဲ့ နိုင်ငံအတွင်း ဆန်ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် စက်မှု လယ်ယာဖြစ်စေဖို့ ကူညီသွားမယ်လို့ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဒုတိယဝန်ကြီး Bui Ba Bong မှ ပြောကြားပါတယ်။အမှတ်တံဆိပ်အဖြစ် တိုးတက်လာရေး အတွက် အရည်အသွေးကောင်း စပါးမျိုးစေ့သစ် များ တိုးထွက်လာဖို့ သုတေသန ပြုလုပ်ရမယ်လို့ ကူလောင်ဒေသ ဆန်သုတေသနတက္ကသိုလ် ဒုတိယ ဒါရိုက်တာ Duong Van Chin မှ ပြော ကြားပါတယ်။ ယခုအချိန်ထိ စိုက်ပျိုးရေးနဲ့ ကျေး လက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ စပါးမျိုးပေါင်း ၂၀၀ ကျော်စမ်းသပ် ထုတ်လုပ်ခဲ့ကြောင်း Chin မှ ပြောကြားပါတယ်။အရည်အသွေးမြင့် စပါးမျိုးများအရည်အသွေးနိမ့် စပါးမျိုးများစွာ စိုက် ပျိုးတဲ့ ဆောင်းသီးနှံကို ထပ်စိုက်ခြင်းမှ ရှောင်ဖို့နဲ့ နွေစပါးရာသီမှာ စိုက်ပျိုးရမယ့်စပါးများကို ၎င်းညွန် ကြားချက်အတိုင်း လိုက်နာဖို့ တောင်သူများကို စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဌာနမှတောင်းဆိုကြောင်း သိရပါတယ်။ IR 50404 စပါးမျိုးကို စုစုပေါင်းစိုက်ဧရိယာရဲ့ ၂၀ ရာခိုင်နှုန်း အောက်သာစိုက်ပျိုးရမယ်လို့ ဝန်ကြီးဌာနရဲ့ စိုက် ပျိုးရေးဌာနခေါင်းဆောင် Nguyen Tri Ngoc မှပြောကြားပါတယ်။အထွက်နှုန်းမြင့်တဲ့ IR 50404 စပါးမျိုးမှ အရည်အသွေးမြင့်တဲ့စပါးများများ စိုက် ပျိုးဖို့လည်းဝန်ကြီးဌာနမှ ဒေသအသီးသီးကို ညွှန် ကြားခဲ့တယ်လို့ ဆိုပါတယ်။မဲခေါင်မြစ်ဝှမ်း၊ ကူလောင်ဒေသမှာ ယခင် ရာသီက ယင်းစပါး ၂၇ ဒသမ ၆ ရာခိုင်နှုန်း စိုက် ပျိုးခဲ့ပြီး ဒေါင်သပ်ပြည်နယ်မှာ ၅၂ ရာခိုင်နှုန်း စိုက် ပျိုးခဲ့ပါတယ်။ ဝန်ကြီးဌာနမှ စပါးစိုက်ပျိုးမှုကို အုပ်စု ၃ စု ခွဲထားပါတယ်။ ပထမ အုပ်စုမှာ IR 50404 နဲ့ OM 576 လို အရည်အသွေး အလယ် အလတ်နဲ့ နိမ့်တဲ့စပါးကို စိုက်ဧရိယာရဲ့ ၂၀ ရာခိုင် နှုန်းထက်လျော့ပြီး စိုက်ပျိုးရမှာဖြစ်ပါတယ်။ ဒုတိယအုပ်စုမှာ အရည်အသွေးမြင့် ဆန်လုံးရှည် ကို ၆၀-၇၀ ရာခိုင်နှုန်း စိုက်ပျိုးရမှာဖြစ်ပြီး၊ တတိယ အုပ်စုမှာ ကျန်တဲ့ စိုက်ဧရိယာကို ဆန်မွှေးစိုက်ပျိုး ရမှာ ဖြစ်ပါတယ်။တောင်ပိုင်းဒေသတွေမှာ နွေစပါးရိတ်သိမ်း မှု အနည်းနဲ့အများပြီးဆုံးပြီလို့ ဝန်ကြီးဌာနက ဆိုပါတယ်။ ထွက်ရှိမှုမှာ ယခင်နှစ်ထက် တန်ချိန် ၁ သန်းပိုပြီး၊ စုစုပေါင်း တန် ၁၁ ဒသမ ၅ သန်း ခန့်ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ပျမ်းမျှ အထွက်နှုန်းမှာ ၂ တန်တိုးပြီး၊ တစ်ဟက်တာ ၆ ဒသမ ၆၇ တန်ထွက်ရှိတယ်လို့ ဆိုပါတယ်။ မဲခေါင် ဒေသမှာ အန်ဂိုင်းနဲ့ ဒေါင်သပ်ပြည်နယ်တွေမှာ ပျမ်းမျှအထွက်နှုန်း ၆ ဒသမ ၈၃ တန်နဲ့ ကင်သို ပြည်နယ်မှာ ၇ ဒသမ ၃၅- ၇ ဒသမ ၄တန်ထွက် ရှိတယ်လို့ သိရပါတယ်။ဒါပေမယ့် ဒေါင်သပ်မှာ တောင်သူများရဲ့ သွင်းအားစုစရိတ် ကြီးမြင့်တာကြောင့် ၂၀ ရာခိုင် နှုန်းသာ အကျိုးအမြတ်ရရှိတယ်လို့ ဆိုပါတယ်။ တောင်သူများ စပါးရောင်းချနိုင်စေဖို့ တောင်သူ လက်ထဲမှာ လက်ကျန်ရှိတဲ့ပမာဏကို ကွင်းဆင်း စစ်ဆေးဖို့ ဒုတိယဝန်ကြီးချုပ်မှ စိုက်ပျိုးရေးဝန်ကြီး ဌာနကိုညွှန်ကြားထားတယ်လို့ သိရပါတယ်။ စစ် တမ်းရလဒ်အရ စပါးဈေးနှုန်းတည်ငြိမ်ဖို့နဲ့ တောင် သူအကျိုးအမြတ်ရရှိစေဖို့ ဝယ်ယူမယ့် ပမာဏကို ဝန်ကြီးဌာနမှ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ဗီယက်နမ်နိုင်ငံမှာ စိုက်ပျိုးမြေ ဟက်တာ ၃၃ သန်း ရှိတဲ့အနက် စပါးစိုက်မြေဟက်တာ ၇ ဒသမ ၅ သန်းရှိပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ ဆန် တန်ချိန် ၃ ဒသမ ၅ သန်း တင်ပို့ခဲ့ပြီး၊ ၂၀၁၁ ခုနှစ်မှာ တန်ချိန် ၇ သန်းအထိ တင်ပို့ခဲ့ပါတယ်။ Source: riceonline
Background
