Main menu

Background

မြန်မာနိုင်ငံနှင့် ကူးသန်းရောင်းဝယ်မှု ဆက်သွယ်ခြင်း

Thu, 05/17/2012 - 05:20 -- Anonymous (not verified)

    ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အုပ်ချုပ်ရေးမှူး နန်း နရစ် မွန်းပန်ဝပ်က မယ်ဟောင်ဆောင်ခရိုင်နဲ့ ကပ်လျက်ရှိတဲ့ မြန်မာနိုင်ငံ၊ လွိုင်ကော်သို့ ထိုင်းနိုင်ငံမှ သက်ဆိုင်ရာ အဖွဲ့ သွားရောက်ခဲ့ရာမှာ မြန်မာနိုင်ငံမှ ကောင်းမွန်စွာလက်ခံကြို ဆိုခဲ့ကြောင်း၊ မြန်မာနိုင်ငံအစိုးရဟာ နယ်စပ်ဒေသကူးသန်း ရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မဲ့အစည်း အဝေးသို့ အဆုံးအဖြတ်ပေးနိုင်တဲ့ တာဝန်ရှိပုဂ္ဂိုလ်များအား စေလွှတ်ခဲ့ကြောင်း၊ ခွန်ယွန်မြို့နယ်၊ ဟွေ့တွန်နွန်အရပ်၌ အမြဲတန်းဂိတ်ဖွင့်လှစ်နိုင်ရန် အခွင့်အလမ်းများရှိကြောင်း၊ မြန်မာနိုင်ငံမှ လေကြောင်းဆိုင်ရာ လုပ်ငန်းရှင်များသည် ရန်ကုန်-မယ်ဟောင်ဆောင်-ချင်းမိုင်နှင့် မန္တလေး-မယ်ဟောင် ဆောင်-ချင်းမိုင်လေကြောင်းခရီးစဉ်အား ဖွင့်လှစ်ရန် စိတ်ပါ ဝင်စားလျက်ရှိတယ်လို့ ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံ ထုတ် မတ်တိချွန်းသတင်းစာမှာ ဖော်ပြထားပါတယ်။မြင့်ဦးှSource: မတ်တိချွန်းသတင်းစာ