Main menu

Background

ထိုင်းနယ်စပ်မှ ရေထွက်ကုန် တင်ပို့မှု တန် ၂၄၂၂ ကျော်အပို့ရှိ

Thu, 05/17/2012 - 05:29 -- Anonymous (not verified)

    မြဝတီနယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၂၉၄ သန်း တန်ဖိုးရှိ ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်၊ ဘီလားနဲ့ ငါးပိ ၁၁၄ ဒသမ ၃၅၁ တန်ကို မေလ ၂ ရက်မှ ၈ ရက်ထိကာလ အတွင်းမှာ အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၂၃ တန် တင်ပို့ မှု လျော့နည်းခဲ့ပါတယ်။  ယခင်အပတ်က အပို့မရှိတဲ့ ငါးရှဉ့်၊ ဘီလား၊ ငါးပိများ  ယခုအပတ်မှာ အပို့ရှိခဲ့သော်လည်း ငါးမျိုး စုံနဲ့ ပုစွန်တင်ပို့မှု မှာ လျော့နည်းခဲ့ပါတယ်။    ကော့သောင်းနယ်စပ်မှ ယခုအပတ်မှာ ငါးမျိုးစုံ တန် ၂၀၀ ဝန်းကျင်နဲ့ ကဏန်း ၁ ဒသမ ၇ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာသုည ဒသမ ၁၄၀ သန်းဖိုးသာ အပို့ရှိခဲ့ပြီး ယခင် အပတ်ကထက် တန် ၁၀၀၀ ကျော် အပို့လျော့ခဲ့ပါတယ်။ ယခုအပတ်မှာ ငါးမျိုးစုံတင်ပို့မှုကတန် ၁၀၀၀ ကျော် အပို့လျော့ခဲ့တဲ့အတွက် ဖြစ်ပါတယ်။     မြိတ်နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၂၇၄ သန်းတန်ဖိုး ရှိ ရေထွက်ကုန် ၂၁၀၅ တန်ကျော်ကို အပို့ရှိခဲ့သော်လည်း ယခင်အပတ်ကထက် တန် ၁၁၀၀ နီးပါး အပို့လျော့ခဲ့ပါ တယ်။ ယခင်အပတ်ကထက် ငါးမျိုးစုံ၊ ရေငန်ပုစွန်နဲ့ ကဏန်း အသေး (အသေ) အပို့ပိုခဲ့သော်လည်း အေးခဲကင်းမွန်၊ ပုစွန် ခြောက်၊ ငါးမှုန့်၊ ငါးခြောက်၊ အေးခဲကဏန်းပျော့တို့ အပို့ လျော့ခဲ့ပြီး ယခုအပတ်မှာ ငါးနီအသားလွှာ၊ အေးခဲပုစွန်၊ ငါး အသားလွှာ၊ ကင်းမွန်ပြုတ်ခြောက်၊ ကင်းမွန်အသားလွှာ၊ ကင်း မွန်ကောင်လုံးသန့်နဲ့ ကင်းမွန်ခေါင်းများ တင်ပို့နိုင်ခြင်းမရှိခဲ့ဘူး လို့ သိရပါတယ်။ MIRT (DOBT)