Main menu

Background

ချင်းရွှေဟော်မှရော်ဘာတန် ၁၁၄၀ ကျော်အပို့ရှိ

Thu, 05/17/2012 - 06:19 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၃ ဒသမ ၈၈၄ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၁၄၁ ဒသမ ၅၁၁ တန်ကို မေလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း တင်ပို့မှု ရှိခဲ့ပါတယ်။အဆင့်လိုက် တင်ပို့နိုင်မှုတွေကတော့ RSS-3  ၉၈၃ တန်၊ MSR-20 တန် ၁၂၀ နဲ့MSR-50 ၃၇ ဒသမ ၈၉၆ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။    မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၈၆၉ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၅၁၇ တန်ကျော် တင်ပို့ခဲ့ရာ ယခင် အပတ်ကထက် ၁၇၂ တန်ကျော် အပို့ပိုခဲ့ပါတယ်။ ရော်ဘာအဆင့်လိုက်တင်ပို့နိုင်မှုတွေကတော့RSS-2 ၈၅ တန်ခွဲ၊ RSS-3 ၂၄၉ တန်၊MSR-20  ၉၃ တန်ခန့် MSR-50 တန် ၉၀ အသီးသီး တင်ပို့ခဲ့ပါတယ်။    မြိတ်နယ်စပ်ကလည်း ကန်ဒေါ်လာ သုညဒသမ ၆၂၂ သန်းတန်ဖိုးရှိ RSS-3  ၁၈၅ တန်တင်ပို့ခဲ့ရာ ယခင်အပတ်ကထက် တန် ၁၂၀ အပို့ပိုခဲ့ပါတယ်။ယခုအပတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၆ ဒသမ ၃၇၅ သန်းတန်ဖိုးရှိ ရော်ဘာ အဆင့်စုံ ၁၈၄၄ တန်ခန့်တင်ပို့နိုင်ခဲ့ရာ ယခင်အပတ်ကထက် ၃၅ တန် ခန့်တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ထိုသို့လျော့နည်း ရခြင်းမှာမူဆယ်နဲ့မြိတ်နယ်စပ်မှယခင်အပတ်ကထက် တန် ၂၉၀ ကျော်အပို့ပိုသော်လည်း ချင်းရွှေဟော်နယ်စပ်မှ ၃၂၇ တန် တင်ပို့မှု လျော့နည်းခဲ့တယ်လို့သိရပါတယ်။MIRT(DOBT)