Main menu

Background

ကမ္ဘာ့စီးပွားရေးအတွက် စိုးရိမ်မှုကြောင့် ရော်ဘာဈေးကျဆင်း

Thu, 05/17/2012 - 06:20 -- Anonymous (not verified)

    ကမ္ဘာ့ရော်ဘာရောင်းလိုအား ကျပ်တည်းနေပေမယ့် တိုကျိုကုန်စည်ဒိုင် (TOCOM)  မှာ မေလအတွက် ဈေးနှုန်းက တစ်ကီလိုကို ၃၀၁ ယန်း (၃ ဒသမ ၇၂ ဒေါ်လာ) အထိ ဈေးကျသွားကြောင်း သိရပါတယ်။ ဒီလိုဈေးကျရခြင်းက ကမ္ဘာ့ စီးပွားရေး အထူးသဖြင့် ဥရောပရဲ့ စီးပွားရေးကျဆင်းမှာကို စိုးရိမ်နေရတာကြောင့် ဖြစ်ပါတယ်။ ရာသီဥတုမကောင်းတာကြောင့် ထိုင်းနဲ့ မလေးရှားရဲ့ ရောင်းလိုအားကျဆင်းပြီး အိန္ဒိယ၊ တရုတ်နဲ့ ဗီယက်နမ်တို့ရဲ့ ဝယ်လိုအားပြန်လည် ကောင်းမွန်လာတာ ကြောင့် ဈေးပြန်ကောင်းနိုင်တယ်လို့လည်း  သိရပါတယ်။ ၂၀၁၂-၁၃ မှာ အိန္ဒိယရဲ့ရောင်းလိုအား ဝယ်လိုအားကွာဟချက်က တန်ချိန် ၁ သိန်းခန့်ရှိနိုင်ပြီး မော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍရဲ့ သုံးစွဲမှုမြင့်မားလာတာကြောင့်ဖြစ်ကြောင်း သိရပါတယ်။ တရုတ်မှာလည်း ဧပြီလစာရင်းများ အရ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးလာတာကြောင့် ဝယ်လိုအားတိုးတက်ဖွယ်ရှိတယ်လို့ သိရပါ တယ်။Source: Commodity online,K.Z.W