Main menu

Background

၂၀၁၅ အတွက် ကမ္ဘာ့ရော်ဘာ ဈေးကွက်ခန့်မှန်းချက်

Thu, 05/17/2012 - 06:27 -- Anonymous (not verified)

    ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ကာလအတွင်း ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှ မော်တော်ယာဉ် ထုတ်လုပ်မှုတွေ အရှိန်အဟုန်ရနေသလို တာယာထုတ်လုပ်မှုပါမြင့်တက်နေတဲ့အတွက် ရော်ဘာဝယ်လိုအား စဉ်ဆက်မပြတ်ရှိခဲ့ကြောင်း သိရပါ တယ်။မော်တော်ကားသုံးစွဲမှုမြင့်မားလာတာနဲ့အမျှ ကမ္ဘာတစ်ဝန်း ရော်ဘာသုံးစွဲမှုကိုပါ အကျိုးသက်ရောက်စေခဲ့ကြောင်း သိရပါတယ်။    အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဈေးကွက်တွေကလွဲလို့ အာရှပစိဖိတ်ဒေသမှာ ရော်ဘာထုတ်လုပ်မှုအမြင့်ဆုံးနှုန်း ကို ရောက်ရှိနိုင်တယ်လို့လည်း သိရပါတယ်။ ၂၀၁၅ မှာတော့ အထူးသဖြင့်တရုတ်နိုင်ငံက ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုရဲ့ လေးပုံ တစ်ပုံအထိ ထုတ်လုပ်လာနိုင်မယ်လို့ သိရပါတယ်။ အာရှနဲ့ ပစိဖိတ်ဒေသက တာယာမဟုတ်တဲ့ရော်ဘာ ပစ္စည်းများအတွက် လည်း အရေးကြီးတဲ့ဒေသဖြစ်ပြီး ၂၀၁၅ မှာ ထုတ်လုပ်မှုပမာဏတိုးလာပြီး ၈၀ ရာခိုင်နှုန်းအထိ ရှိနိုင်ကြောင်း သိရပါတယ်။ အာရှနှင့် ပစိဖိတ်ဒေသကသုံးစွဲမှုအများဆုံးဖြစ်လာနိုင်     အာရှနဲ့ ပစိဖိတ်ဒေသက ၂၀၁၀ မှာ ကမ္ဘာ့ရော်ဘာဈေးကွက်ရဲ့ ဝယ်လိုအား ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း သိရပါတယ်။ ဒါ့အပြင် အဲဒီဒေသများက ၂၀၁၅ မှာ ရော်ဘာသုံးစွဲမှုအား အများဆုံးဒေသဖြစ်လာနိုင်ကြောင်း ခန့်မှန်းရပါတယ်။ ၂၀၁၀ မှာ တရုတ်ရဲ့ ရော်ဘာဈေးကွက်တစ်ခုတည်းကနေ ကမ္ဘာ့ရော်ဘာဝယ်လိုအားရဲ့ သုံးပုံတစ်ပုံကို ပိုင်ဆိုင်ပြီး ၂၀၁၅ မှာလည်း မှတ်တမ်းတင်လောက်တဲ့ အကောင်းဆုံးဈေးကွက် ဖြစ်လာနိုင်ခြေရှိတယ်လို့ သိရပါတယ်။ မော်တော်ကား တာယာ မဟုတ်တဲ့ ကဏ္ဍအနေနဲ့ မော်တော်ဆိုင်ကယ်နဲ့ စက်ဘီးထုတ်လုပ်မှုပမာဏကလည်း တရုတ်ရဲ့ရော်ဘာဝယ်လို အားကောင်း အောင် အထောက်အပံ့ဖြစ်စေကြောင်း သိရပါတယ်။ တရုတ်က မော်တော်ကားတာယာထုတ်လုပ်မှုအတွက်လည်း လက်ရှိမှာ ရော်ဘာသုံးစွဲမှု အများဆုံးဖြစ်ပြီး အကြီးဆုံးဈေးကွက်ကို ပိုင်ဆိုင်ထားပါတယ်။ ၂၀၀၅ မှ ၂၀၁၀ ကာလအတွင်းမှာ အနောက် ဥရောပနဲ့ မြောက်အမေရိက ဈေးကွက်တွေမှာ ကားရောင်းချရနှုန်းကျဆင်းခဲ့ပေမယ့် ၂၀၁၅ မှာတော့ ဈေးကွက် ပြန်လည် ပွင့်လန်းလာနိုင်ကြောင်း သိရပါတယ်။ အရှေ့ဥရောပ၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းအမေရိက တို့မှာလည်း ၂၀၁၅ မှာ အခြေအနေ ကောင်းလာနိုင်သလို အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ဈေးကွက်တွေမှာလည်း ၎င်းကာလ အတွင်းမှာ ဈေးကွက်ပြန်လည် ကောင်းလာနိုင်ကြောင်း သိရပါတယ်။တာယာထုတ်လုပ်မှုအတွက် ရော်ဘာလိုအပ်ချက်ပိုကြီးမားဆဲ    ရော်ဘာသုံးစွဲမှုရဲ့ သုံးပုံနှစ်ပုံက ၂၀၁၀ အထိ တာယာကဏ္ဍအတွက်ဖြစ်ခဲ့ပြီး အခြားသောရော်ဘာ  ပစ္စည်းထုတ်လုပ်မှုတွေ ထက်ပိုခဲ့သလို ၂၀၁၅ မှာလည်း ဒီလိုပဲ ဆက်လက်ဈေးကွက်ကြီးမား ကျယ်ပြန့်နေဦးမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မော်တော်ကားတာယာမဟုတ်တဲ့ စက်ဘီး၊ မော်တော် ဆိုင်ကယ်နဲ့ စီးပွားရေးလုပ်ငန်းသုံးယာဉ်တွေရဲ့ တာယာ ထုတ်လုပ်မှုလည်း တိုးတက်လာမယ်လု့ိ ခန့်မှန်းထားကြပါတယ်။ ၎င်းတာယာများထုတ်လုပ်မှုက အာရှနဲ့ ပစိဖိတ်ဒေသ ဖွံ့ဖြိုးဆဲနို င်ငံတွေမှာ အဓိကထုတ်လုပ်သလို မော်တော်ကား တာယာထုတ်လုပ်မှုလည်း ၎င်းင်းနိုင်ငံတွေမှာ အားကောင်း လာနိုင်ကြောင်း သိရပါတယ်။ ၂၀၁၅ မှာ တာယာမဟုတ်တဲ့ ရော်ဘာထုတ်ကုန်တွေအတွက် သုံးစွဲမှုလည်းတိုးတက် လာမှာဖြစ်ပေ မယ့် ရော်ဘာဈေးကွက်မှာ တော့ ၎င်းပစ္စည်းတွေရဲ့ နေရာကျဉ်းမြောင်းနေဦးမှာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၅ မှာ မော်တော်ကားထုတ်လုပ်မှု အရှိန်အဟုန်မြင့်မားလာသလို ရော်ဘာထုတ်ကုန်များဖြစ်တဲ့ ခါးပတ်၊ ခြေအိတ် နဲ့ ရော်ဘာကွင်း သုံးထုတ်လုပ်မှု ကြောင့်လည်း ရော်ဘာသုံးစွဲမှုမြင့်တက်လာနိုင်တယ်လို့ သတင်းရရှိပါတယ်။ှSource: SB wire,K.Z.W