အမြန်ရထားလမ်းဖောက်လုပ်ရေးစီမံကိန်း ထိုင်းအစိုးရမှ ဆောင်ရွက်

            ထိုင်းနိုင်ငံ ဖိဆုနလို့ခရိုင် နရေစွန်တက္ကသိုလ် အေကာထွတ်ရိုအဆောက် အအုံ၌ ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး နိုင်းကျာရုဖုန်းရုန်းဆုဝမ်က "အာဆီယံ နိုင်ငံများစီးပွားရေးပူးပေါင်းဆောင်ရွက်ရာ၌ ထိုင်းနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေး" ကိစ္စနဲ့ပတ်သက်၍ ဆွေးနွေးခဲ့ရာမှာ အကယ်၍ ထိုင်းနိုင်ငံဟာ မီးရထားလမ်း ကြောင်းဖြင့် သယ်ယူပို့ဆောင်ရေး စနစ်မပြုလုပ်ခဲ့လျှင် အာဆီယံနိုင်ငံများ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (AEC) ရဲ့ ဗဟိုအချက်အချာဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ လွန်ခဲ့သော ၂ နှစ်ခန့်က လာအိုနိုင်ငံဟာ အမြန်ရထားလမ်း ဖောက်လုပ်ရန်အတွက် တရုတ်နိုင်ငံနဲ့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ဧပြီ ၁၇ ရက်တွင် တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ဟာ အမြန်ရထားလမ်းဖောက်လုပ်ရန် စီမံကိန်းအတွက် M.o.U သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ရာ တစ်လအတွင်း တရုတ်နဲ့ ထိုင်းနှစ်နိုင်ငံဝန်ကြီးတစ်ဦးစီခန့်အပ်ပြီး အမြန်ရထားလမ်းစီမံကိန်းအတွက် ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း နိုင်းကျာရုဖုန်းက ပြောပါတယ်။ ဆက်လက်ပြီး နိုင်းကျာရုဖုန်းက အမြန်ရထားလမ်းစီမံကိန်းအတွက် ကုန်ကျ စရိတ်တန်ဖိုးငွေမှာ ဘတ်သန်း ၄၀၀၀၀၀ ဖြစ်ပြီး ရထားလမ်းကြောင်းကို ၄ ပိုင်း ခွဲထားရာ ဘန်ကောက်-ဖိဆုနလို-ချင်းမိုင်၊ ဘန်ကောက်-နခွန်းရချစီးဗား-နောင်ခိုင်း၊ ဘန်ကောက်-ဟိုဟင်နှင့် ဘန်ကောက်-အဲဖောလင်း-ဆုဝမ်နဖွမ်တို့ဖြစ်ပြီး တစ်နာရီ လျင် ကီလိုမီတာ ၁၆၀ ခန့်သွားနိုင်မယ့်ရထားအား အသုံးပြုသွားမည်ဖြစ်ပြီး လာမည့် ၃ လမှ ၄ လအတွင်း ပုံစံ၊ ဘဏ္ဍာငွေ၊ ကန်ထရိုက် စသည်တို့ကို အစိုးရမှစီမံကိန်း စီစဉ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။Source: မတ်တိချွန်းသတင်းစာ ၃၀-၄-၂၀၁၂ (မြင့်ဦး၊ တာချီလိတ်)