Main menu

Background

ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ စီးပွားရေးမှေးမှိန်နေသည့်အပြင် အကျဘက်သို့ဦးတည်နေသော အခြေခံအချက်အလက်များက ရေနံစိမ်းဈေးနှုန်းကို ဖိအားဖြစ်စေ

Thu, 05/17/2012 - 06:47 -- Anonymous (not verified)

        အီးယူဒေသတွင်းနိုင်ငံတွေရှိ ရွေးကောက်ပွဲများရလဒ်ကြောင့် ဒေသတွင်းခြိုးခြံချွေတာရေး စီမံကိန်းအတွက် ကြိုးပမ်းမှုတွေ လမ်းချော်သွားနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်ကို မီးထိုးပေးသလိုဖြစ်နေရာ မေ ၇ ရက် ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းတွေက လေးလေ ကျာ်ကာလအတွင်း အနိမ့်ဆုံးနှုန်းကို ကျဆင်းလာတယ်။ ရေနံစိမ်းဈေးနှုန်းကျဆင်းမှုကို အမေရိကန်နိုင်ငံရဲ့ အလုပ်အကိုင်ခန့်ထားမှုစာရင်းတွေကပါ ထပ်မံဖိအားပေးနေတယ်။နယူးယောက်ကုန်စည်ရောင်းဝယ်ရေးမှာ ဇူလိုင်လ အရောက်ပို့ရမယ့် ရေနံစိမ်း (WTI oil) က တစ်စည်ကို ၃ ဒသမ ၁၅ ဒေါ်လာ ကျဆင်းပြီး ၉၅ ဒသမ ၃၄ ဒေါ်လာအထိ ကျဆင်းခဲ့တယ်။ ဇွန်လငွေချေရမယ့် ဘရန့် အမျိုးအစား ရေနံစိမ်းကလည်း တစ်စည်ကို ၆၆ ဆင့် (သုည ဒသမ ၆ ရာခိုင်နှုန်း) ကျဆင်းကာ ၁၁၂ ဒသမ ၅၂ ဒေါ်လာနဲ့ လန်ဒန်အခြေစိုက် ICE Future Europe Exchange မှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ ဆက်လက်ပြီး လည်း ရေနံစိမ်းဈေးနှုန်းတွေ ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြတယ်။ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ စီးပွားရေးမှေးမှိန်နေတဲ့အပြင် အကျဘက်ကိုဦးတည်နေတဲ့ အခြေခံအချက် အလက်တွေ က ရေနံစိမ်းဈေးနှုန်းကို ဖိအားဖြစ်စေမယ်လို့ နယူးယောက်အခြေစိုက် ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်င န်းတွေကို ဆောင်ရွက်နေတဲ့  Morgan Stanley   မှ ကုန်စည်သုတေသနဥက္ကဋ္ဌ  Hussein Allidine   က ပြောကြားတယ်။ OPEC   ကလည်း ရေနံထုတ်လုပ်မှုတွေကို မပြောင်းလဲဘဲ လက်ရှိထုတ်လုပ်နေတဲ့နှုန်းအတိုင်း ထုတ်လုပ်နေဦး မှာဖြစ်ကြောင်း၊  ဒါကြောင့် ၂၀၁၂ ခုနှစ် တတိယသုံးလပတ်မှာ ကမ္ဘာ့ရေနံစိမ်း သိုလှောင်ထားမှုက သာမန်အထက်ပမာဏအထိ တိုးမြင့်လာမှာဖြစ်ကြောင်း၊ ယခုနှစ်အတွင်း ရေနံစိမ်းရောင်းလိုအား တစ်ရက် ပျမ်းမျှနှုန်း မှာ စည်ပေါင်း ၈၁၃၀၀၀ ဖြစ်ပြီး ဝယ်လိုအားထက် ပိုမိုလိမ့်မှာဖြစ်ကြောင်း  Hussein Allidina  က ပြောကြားတယ်။ လက်ရှိကာလမှာ OPEC  မှ ရက်တစ်ရာကို ရေနံစိမ်း ထုတ်လုပ်တဲ့နှုန်းမှာ စည်ပေါင်း ၃၂ ဒသမ ၃ သန်း ဖြစ်တယ်လို့ OPEC  ရဲ့ အထွေထွေအတွင်းရေးမှူးက မေ ၃ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တယ်။Source:Bloomberg.com, ပပ