Main menu

Background

တရုတ်နိုင်ငံ၏ စားသုံးသီးနှံဈေးနှုန်း တက်ခြင်းအပေါ် သုံးသပ်ချက်

Thu, 05/17/2012 - 06:50 -- Anonymous (not verified)

              တရုတ် ဂေါ်ဖီထုပ်ဈေးနှုန်းက ယခု သုံးလအတွင်းမှာ ၇၀ ရာခိုင်နှုန်းခန့် မြင့် တက်သွားတယ်လို့ သိရပါတယ်။ ယခု အချိန်မှာ တရုတ်နိုင်ငံ တစ်ဝန်းလုံးရှိ ဒေသအတော်များများမှာ တရုတ်ဂေါ်ဖီ ထုပ်က ဝက်သား တစ်ကီလိုဂရမ်ထက် ပိုပြီး ဈေးကြီးနေပါတယ်။  အဲဒီရလဒ် ကတော့ ပြစ်တင်ဝေဖန်မှုများ ကြားရ ခြင်းပဲဖြစ်ပါတယ်။ ပြည်သူတွေအတွက် စိုက်ပျိုးရေးထွက်ကုန် သီးနှံတွေ ဈေး တက်ခြင်းကို ရင်ဆိုင်နေရတာနဲ့ပတ် သက်ပြီး  China daily  သတင်းမှာ ဖော် ပြထားတဲ့ သုံးသပ်ဝေဖန်ချက်ကတော့ "စားသုံးသီးနှံတွေ ဈေးတက်တာနဲ့ပတ် သက်ပြီး မိမိတို့ပြစ်တင်ဝေဖန်မှုမပြုခင် ရှေးဦးစွာ တောင်သူတွေအကြောင်းကို စဉ်းစားသင့်ပါတယ်။ လွန်ခဲ့တဲ့နှစ်များ စွာကတည်းက လူသုံးများတဲ့  စားဖို ဆောင်ပစ္စည်းများဖြစ်တဲ့ ကြက်သွန်ဖြူ၊ ပဲအမျိုးမျိုး၊ ချင်းနဲ့ ဝက်သားဈေးတွေက တဖြည်းဖြည်း မြင့်တက်ခဲ့တာ ဖြစ်ပါ တယ်။ ဒါပေမယ့် တစ်ဖက်က လှည့် စဉ်းစားရင် တောင်သူတွေအမြတ်ရတာ မဟုတ်ဘဲ ကြားက ဈေးကစားသူများ ကသာ အမြတ်ရနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် တကယ်လို့ဈေးကျခဲ့ရင်တော့ တောင်သူတွေသာ အရှုံးပေါ်မှာဖြစ်ပါ တယ်။ ယနေ့ မိမိတို့ကြုံတွေ့နေရတဲ့ ကုန်ဈေးနှုန်းမြင့်တက်ခြင်း  အတွေ့ အကြုံအရ လျှပ်စစ်၊ ရေ၊ စက်သုံးဆီနဲ့ အလုပ်သမားစရိတ်တို့နဲ့အတူထွန်ယက် စိုက်ပျိုးမှုစရိတ်တွေ မြင့်တက်နေတာ တွေ့ရပါတယ်။ ဒါကြောင့် စိုက်ပျိုးသီး နှံဈေးနှုန်းတက်တာက သာမန်ပဲဖြစ်ပါ တယ်။ ဂေါ်ဖီ ဒါမှမဟုတ် ဝက်သားကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဈေးနှုန်းနဲ့ ဝယ်ယူစားသုံးချင်နေတာက သဘာ၀ မကျလှပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်က ဝင်ငွေက အရမ်းနည်းနေ ခဲ့ပါတယ်။ ဒါ့အပြင် တခြားဈေးနှုန်း တွေဖြစ်တဲ့ အိမ်ခြံမြေဈေး၊ ခရီးသွား ကုန်ကျစရိတ်၊ ပညာသင်စရိတ် အစ ရှိတာတွေနဲ့နှိုင်းယှဉ်ရင် စိုက်ပျိုးသီးနှံ ဈေးနှုန်းတက်တာက ကျိုးကြောင်းဆီ လျော်တယ်လို့ ထင်ပါတယ်။ တချို့က တော့ အစားအစာဈေးနှုန်းတွေ မြင့် တက်တာကို အပြစ်တင်ကောင်းတင်ကြ ပါလိမ့်မယ်။ ဒါပေမယ့် စားသုံးသူ ညွှန်းကိန်း (Consumer Price Index)  ကို  တွက်ရာမှာ အစားအသောက်ရဲ့ ပမာဏက ၃၄ ရာခိုင်နှုန်းသာ ပါဝင် ပါတယ်။ ဒါကြောင့် ကုန်ဈေးနှုန်း တက် ရာမှာ အစားအသောက်ဈေးနှုန်းတက် တာ အပြစ်တင်တာကတော့ မမျှတဘူး လို့ ဆိုရပါမယ်။ ၂၀၁၁ ခုနှစ်မှာ မြို့ပြမှာ နေသူတွေ ရဲ့ဝင်ငွေက တောင်သူတွေ ဝင်ငွေရဲ့ ၃ ဆရှိပါတယ်။ ဒါကြောင့် အစိုးရ အနေနဲ့ တောင်သူတွေအကျိုးစီးပွားကို အလေး ထားစဉ်းစားဖို့လိုအပ်ပါတယ်။ ဥပမာ အားဖြင့် ဈေးနှုန်းတက် လို့  တောင်သူ တွေ အမြတ်ရမယ်ဆိုရင် ဈေးနှုန်းကျလို့ တောင်သူတွေရဲ့ ဆုံးရှုံးမှု အနည်းဆုံး ရှိအောင်လည်း ဆောင်ရွက်ရမှာဖြစ် ပါတယ်။ ဝင်ငွေနည်းတဲ့ မြို့ပြလူထု အတွက် အစားအစာ ခက်နေရင်တော့ အစိုးရကထောက်ပံ့ ကြေးပေးပြီး ကူညီ သင့်တယ်"လို့  ဝေဖန်သုံးသပ်ထားပါ တယ်။Source: China DailyK.Z.W