Main menu

Background

အိန္ဒိယအာဏာပိုင်များမှ ဆေးသုံးပြီးမှည့်အောင် ပြုလုပ်ထားတဲ့ သရက်သီးများကို ဖမ်းဆီး

Thu, 05/17/2012 - 06:52 -- Anonymous (not verified)

             အိန္ဒိယနိုင်ငံ မဟာရပ်ရ်ှတရာမှ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲ ရေးဌာန (FDA) ဟာ ဈေးကွက်တစ်ခုအတွင်းမှာရှိတဲ့ သရက်သီး ၄၀၀ ကီလိုနဲ့ အသီးမှည့်အောင်သုံးတဲ့ ကာဘိုက်အမှုန့် ၃ ကီလိုကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။သရက်သီးဈေးတန်းမှာအခုလိုဆောင်ရွက်တာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း၊ ကာဘိုက်အမှုန့်ကိုသုံးပြီး သရက်၊ ဖရဲနဲ့ အခြားသစ်သီးများကို မှည့်အောင်ပြုလုပ်တဲ့ သတင်းများရရှိပြီး၊ ယခုလို ဝင်ရောက်ဖမ်းဆီးခြင်းဖြစ် တယ်လို့  FDAတာဝန်ရှိသူ  Shashikant  Kenkore ကပြောကြားပါတယ်။ယင်းကာဘိုက်အမှုန့်ဟာ စားသုံးသူတွေအတွက် အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးထားတဲ့ သရက်သီးများထဲမှ နမူနာများကို ဓာတ်ခွဲစမ်း သပ်ဖို့ ပေးပို့ထားကြောင်းလည်း သိရပါတယ်။ယမင်းခင်-Source: indiatvnews.com