Main menu

Background

မြေရာဇဝင်ငယ်စာရင်းရှိမယ့်နေရာသိပါက MCDC မှ ကူညီဆောင်ရွက်ပေးမယ်

Thu, 05/17/2012 - 07:12 -- Anonymous (not verified)

      အမရပူရမြို့နယ် နယ်နိမိတ်ရှိ မြေ များအား မန္တလေးမြို့တော်  စည်ပင် သာယာရေးကော်မတီ  (Mandalay City Development Committee) MCDC  မှ မြေရာဇဝင်ငယ် စာရင်းရှိ မယ့်နေရာသိရှိပါက ကူညီဆောင်ရွက် ပေးမှာဖြစ်ကြောင်း မြို့မြေဌာနမှ ဝန် ထမ်းတစ်ဦးက ပြောပါတယ်။"အမရပူရကိုလွှဲတော့ မြေပုံပဲလွှဲ တယ်။ မြေစာရင်းက စာရင်းမြေပုံပဲလွှဲ ခဲ့တာ။ ကိုယ့်မြေပိုင်ဆိုင်မှုကို တရားဝင် နာမည်ပေါက်လုပ်ချင် ရင် မြေရာဇဝင် ငယ်စာရင်းကိုရှာရမယ်။ မြို့ကွက်နဲ့ပတ် သက်ပြီး ငယ်စာရင်းရ ရင် မြေပုံထုတ် ပေးပြီး ရှေ့ဆက်ဆောင်ရွက် လို့ရမယ်။ ကျွန်တော်တို့ဆီမှာရှိတဲ့ မြေပုံတစ် ခုတည်းနဲ့ လုပ်ပေးလို့မရပါ ဘူး။ တရား ဝင်နာမည်ပေါက် လုပ်ချင်ရင် ခယက ရုံး၊ ထွေအုပ်ရုံးတို့မှာ အမှုတွဲရှာကြည့် ပါ။  ရှိတယ်ဆိုရင်  ကျွန်တော်တို့က တရားဝင် တောင်းပေးလို့ရပါ တယ်"လို့ ပြောပါတယ်။အမရပူရမြို့တွင် ဈေးချို၊ မှန်တန်း၊ ကျန်တန်း၊ လေးစု၊ တောင်ကြီး၊ အိုး တော်၊ ဆင်စွယ်ဖွတ်၊ ရွှေဂွမ်းထုတ် ရပ် ကွက် ရှစ်ခုရှိပြီး လတ်တလောမှာ မှန် တန်းရပ်ကွက်မှနှစ်ဦးသာ ဂရန်လျှောက် ထားရန် လာရောက်စုံစမ်းမှုသာရှိသေး ကြောင်းသိရပါတယ်။          ဇူးဇူး