အမရပူရမြို့ မြေအုပ်စု အဆင့် အတန်းအား မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီမှ A1 ၊ A2 အဆင့်နှစ်မျိုးတည်းသာ သတ်မှတ်ထား ကြောင်း သိရပါတယ်။ အမရပူရမြို့နယ် နယ်နိမိတ် အတွင်းတွင် ကျေးရွာအုပ်စု ၄၂ အုပ်စု၊ ကျေးရွာ ၁၆၆ ရွာနဲ့ ရပ်ကွက် ၉ ရပ် ကွက်ရှိမြေများအား ပထမတန်းစား အဆင့် A1 ၊ A2 သတ်မှတ်ခြင်းဖြစ် ကြောင်း၊ ၎င်းင်းမြို့တွင် ရွာမြေ၊ အစိုးရမြေ၊ ဂရန်မြေနဲ့ သာသနာ့မြေ အမျိုးအစား များပြားကြောင်း၊ မြေအုပ်စု အဆင့် အတန်းကို မိန်းလမ်းမကြီးနံဘေးရှိ မြေ များအား A1 အဆင့်၊ ကြားလမ်းများရှိ မြေများနဲ့ ရွာမြေများအား A2 အဆင့် သတ်မှတ်ထားကြောင်း သက်ဆိုင်ရာ ဌာနမှ သိရပါတယ်။အမရပူရမြို့ မြေအုပ်စု အဆင့် အတန်းအား A1၊ A2 အဆင့်သတ် မှတ်လိုက်ခြင်းကြောင့် မြေဂရန်သစ် ထုတ်မယ့်သူများ၊ မြေဂရန် သက်တမ်း တိုးမယ့်သူများမှာ ယခင်ကထက် ကုန်ကျစရိတ်များစွာမြင့်နေလို့ ပြင်ဆင် သတ်မှတ်ပေးစေလိုကြောင်း ရပ်ကွက် တွင် နေထိုင်သူအချို့ကပြောပါတယ်။ မှန်တန်းရပ်ကွက်ရှိ ဦးအောင် ကျော်မိုးက "အမရပူရမြို့ကို မြို့တည် သက်တမ်းကြာမြင့်လို့ A အုပ်စုအဆင့် သတ်မှတ်တာလို့သိရတယ်။ မြို့တည် သက်တမ်းကြာပေမဲ့ မြို့က ဖွံ့ဖြိုးမှုမရှိ သေးဘူး။ မြို့တစ်မြို့ရဲ့ အင်္ဂါရပ်ဖြစ်တဲ့ အဆင့်မြင့်ဈေး၊ ပလာဇာ၊ Shopping Mall ၊ အဝေးပြေးကားကွင်း၊ အထူးကု ဆေးခန်း၊ ဘဏ်၊ ကုန်စည်ဒိုင်တွေ မရှိ ပါဘူး။ ယုတ်စွအဆုံး စည်ကားမှုပြယုဂ် ဖြစ်တဲ့ လမ်းဆုံမီးပွိုင့်တောင်မရှိပါဘူး။ မြို့က ရပ်ကွက်သာမက ရွာမြေပါ ဗ အဆင့်သတ်မှတ်တော့ တရားဝင် အမည်ပေါက်ရအောင် မလုပ်နိုင်ပါဘူး။ ဂရန်မြေအချို့သာရှိပြီး စနစ်တကျဖြစ် အောင် မြေကြီးမြေပုံတိုင်းတာမှုပြုလုပ် ဖို့လည်း လိုအပ်ပါတယ်။ မြို့နေ လူ အများစုက မန္တလေးမြို့တော်ကို မှီခို လုပ်ကိုင်စားကြရတဲ့ လက်လုပ်လက်စား အများစုဖြစ်ပြီး၊ ရိုးရာရက်ကန်းလုပ်ငန်း အချို့နဲ့ တောင်သူလယ်သမားများသာ ဖြစ်ပါတယ်။ ခုအဆင့်အတန်းနဲ့ ငွေသွင်း ရမယ်ဆို မလုပ်နိုင်ကြပါဘူး။ အမရပူရ နဲ့ဆက်စပ်မြေဖြစ်တဲ့ ချမ်းမြသာစည် မြို့နယ် သတ်မှတ်ထားတဲ့ ၈၄ လမ်း မေးတင် မြေတွေတောင် B အဆင့် သတ်မှတ်ထားတယ်။ ချမ်းမြသာစည် မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်က မြေ အုပ်စုကို B, C အဆင့် သတ်မှတ်ထား တယ်။ ဒီမြို့နယ်ကမြေကို ပြန်ရောင်းရင် ရတဲ့ဈေးနှုန်းနဲ့ အမရပူရမြေဈေးနှုန်းက ကွာခြားပါတယ်။ ဒါကြောင့် မြေအုပ်စု အဆင့်အတန်းကို ပြင်ဆင်သတ်မှတ် ပေးစေလိုပါတယ်"လို့ ပြောပါတယ်။မြေအုပ်စုအဆင့် ကွာခြားခြင်း ကြောင့် A1 အဆင့်နဲ့ B1 အဆင့် ငွေ ကုန်ကျစရိတ်မှာ သုံးချိုးနှစ်ချိုးကွာခြား ကြောင်း မြို့ရဲ့ ၃၀ ရာခိုင်နှုန်းရှိ မြေများ မှာ ဂရန်မြေများဖြစ်ကြောင်း သိရပါ တယ်။ ဇူးဇူး
Background