မြန်မာနိုင်ငံဘက်က လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံ မြို့နယ်သုံးခုနဲ့ တရုတ်နိုင်ငံဘက်မှ မြို့နယ်သုံးခု စီးပွားရေးဇုန်နယ်မြေတည်ထောင်ရန် နှစ်နိုင်ငံ နိုင်ငံတော်အဆင့် ညှိနှိုင်းမှုများ လုပ်ဆောင်နေပြီဖြစ်တဲ့အတွက် ကွမ်းလုံခရိုင်ဟာ မူဆယ်ကဲ့သို့ တိုးတက်လာမယ့်နေရာဖြစ်ပါတယ်။ ခရိုင်အတွင်းရှိ ကုမ္ပဏီလုပ်ငန်းရှင် များအားလုံး ယခုအချိန်ကစပြီး နည်းမှန်လမ်းမှန်ဆောင်ရွက်နိုင်ရန်အတွက် လုပ် ထုံးလုပ်နည်းနဲ့ လုပ်ငန်းများလေ့လာ မေးမြန်းဆောင်ရွက်ကြစေလိုကြောင်း၊ စည်း မျဉ်းစည်းကမ်းနည်းလမ်း လုပ်ထုံးလုပ်နည်းများကို ယခုမှစပြီး သိရှိလေ့လာထားရန် လိုအပ်ကြောင်း၊ ချင်းရွှေဟော်-ကွမ်းလုံ-သိန္ဒီလမ်းကြောင်းဟာ ကုန်သွယ်မှုပုံမှန် စီးဆင်းနေတဲ့ လမ်းကြောင်းဖြစ်ကြောင်း၊ ကုန်ပစ္စည်းသယ်ဆောင်တဲ့ ကုမ္ပဏီလုပ်ငန်း ရှင်များနဲ့ အခွန်အခကောက်ခံတဲ့ဝန်ထမ်းများ အကြား ပြဿနာအနည်းငယ်ရှိနေပါ ကြောင်း၊ အခွန်အခကောက်ခံသော ဝန်ထမ်းများ ဟာ နှစ်ချင်းပေါက်လုပ် ကိုင်နေကြ ခြင်းမဟုတ်ဘဲ ယာယီဆောင်ရွက်နေကြခြင်းဖြစ်တာကြောင့် နားလည်မှုလွဲမှားတာ ဖြစ်ပွားနိုင် ပါကြောင်း၊ လူတန်း စားပေါင်းစုံ စားဝတ်နေရေးအခြေအနေ ကောင်း မွန်အောင် ဒေသခံပြည်သူ၊ ကုမ္ပဏီလုပ်ငန်းရှင်များနဲ့ တာဝန်ကျဝန်ထမ်းများ ပူး ပေါင်းဆောင်ရွက်ကြရန်လိုအပ်တယ်လို့ မေ ၂ ရက်က ချင်းရွှေဟော်နယ်စပ်ကုန် သွယ်ရေးစခန်း အစည်းအဝေးခန်းမ မှာပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်း အဝေးမှာ ကွမ်းလုံခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သက်က ပြောကြားခဲ့တာ ဖြစ်ပါ တယ်။ နိုင်ငံတော်အနေနဲ့ အခွန်အခကို ပြည်နယ်အစိုးရရန်ပုံငွေ (State Fund) နဲ့ ပြည်ထောင်စုအစိုးရရန်ပုံငွေ (Union Fund) ဆိုပြီး နှစ်မျိုးကောက်ခံလျက် ရှိပါတယ်။ (State Fund) သည် ပြည်နယ်ဝန်ထမ်းများရဲ့လခနဲ့ ပြည်နယ် ဖွံ့ဖြိုး ရေးအတွက်ကောက်ခံပြီး (Union Fund) သည် တစ်နိုင်ငံလုံးအတွက် လမ်း၊ တံတား အစရှိသည့် ပြုပြင်ဆောင်ရွက်မှု များအတွက် ကောက်ခံလျက်ရှိတယ်လို့ သိရပါ တယ်။ MIRT (DOBT)
Background
