Main menu

Background

အောင်မြင်ဆင်နွှဲ အပြည်ပြည်ဆိုင်ရာ လက်မှုထည်ပြပွဲ (INACRAFT 2012)

Thu, 05/17/2012 - 07:56 -- Anonymous (not verified)

          ASEAN-Japan Centre   ၏ဖိတ်ကြားချက်အရ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ  Jakarta Convention Center တွင် ၂၀၁၂ခုနှစ် ဧပြီ ၂၅ရက်မှ  ၂၉ရက်အထိကျင်းပခဲ့သည့်"အပြည်ပြည်ဆိုင်ရာ လက်မှုထည်ပြပွဲ INACRAFT 2012)" သို့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်(CLMV) နိုင်ငံတို့မှ ပါဝင်ပြသခဲ့ကြပါသည်။ ပြပွဲတွင် နိုင်ငံတကာမှ ဆိုင်ခန်းပေါင်း ၂၅၀၀ ကျော်ပါဝင်ပြသထားပြီး အများစုမှာ အင်ဒိုနီးရှားပါတိတ်များဖြစ်၍ အိမ်တွင်းအလှဆင် လက်မှုထည်ပစ္စည်းများ၊ ပါတိတ်အင်္ကျီများ၊ လက်ကိုင်အိတ်များ၊ ဖိနပ်များ၊ ကြိမ်ထည်များ၊ ဖက်ရှင်လက်ဝတ်ရတနာများ စသည်ဖြင့် လက်မှုထည်ပစ္စည်း အမျိုးအစားစုံလင်စွာပြသထားပါသည်။ CLMV နိုင်ငံများမှ  International Hall  တွင် တစ်နိုင်ငံလျှင် ကုမ္ပဏီ လေးခုစီဖြင့် ကုမ္ပဏီ ၁၆ ခုမှ ပြခန်း ရှစ်ခန်းဖြင့် ပါဝင်ပြသခဲ့ကြပါသည်။ ပြပွဲသို့ မြန်မာနိုင်ငံမှ ယွန်းထည်များထုတ်လုပ်သည့်Ever Stand Co.,Ltd ၊ ကြိမ်ထည်များရက်လုပ်သည့်  Bella Interiors Co.,Ltd  ၊ ကျောက်မျက် ရတနာများရောင်းချသည့်    Thazin Pann Co.,Ltd  နှင့် Gems Kingdom Co.,Ltd   တို့ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ ကမ္ဘောဒီးယားနိုင်ငံမှလည်း ပိုးထည်များဖြင့် ထုတ်လုပ်သည့် ဖက်ရှင်အသုံးအဆောင်များ၊ လာအိုမှ ငွေထည်လက်ဝတ်ရတနာများ၊ ပိုးထည်များ၊ ဗီယက်နမ်မှ ကော်ဇောများ၊ အိပ်ယာခင်းများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ ပါဝင်ပြသကြပါ သည်။ မြန်မာ့ယွန်းထည် များမှာ လက်ရာအထူး ကောင်းမွန်ပြီး ကညစ်ရေးဒီဇိုင်းများမှာ အနုစိတ်ဖြစ်၍ ပြပွဲသို့လာရောက်ကြည့်ရှုသူများ စိတ်ဝင်စားကြိုက်နှစ်သက်ပါသည်။ ပြပွဲတွင် အင်ဒိုနီး ရှားနိုင်ငံထွက် ကြိမ်လက်မှုထည်များ ပြသထားပြီး အင်ဒိုနီးရှားမှ ကြိမ်ထည်များမှာ ရိုးရာအသုံးအဆောင်ပစ္စည်း များကို ကြိမ်နှင့် သစ်သားရောနှောပြုလုပ်ထား၍ အရောင်မှာအနက်ရောင်ဆန် ဆန်ဖြစ်ပြီး မြန်မာနိုင်ငံမှ ကြိမ်ထည်ပစ္စည်းမှာ ကြိမ်ချည်း သီးသန့်ပြုလုပ်ထား၍ အရောင်မှာ ဝါညိုရောင်နှင့် အနက်ရောင် နှစ်မျိုးပြသခဲ့ပါသည်။ မြန်မာနိုင်ငံမှ Fashion Accessories အဖြစ်ပြသခဲ့သော ကျောက်စိမ်း အကာများဖြင့်ပြုလုပ်ထားသည့် ဆွဲကြိုး၊ လက်ကောက်၊ လက်စွပ်၊ နားဆွဲများ သည် ပထမဆုံး နေ့ဖြစ်သည့် Trade Day   တွင်ပင် ဈေးနှုန်းသင့်တင့်ခြင်း၊ လက်ရာကောင်းမွန်ခြင်း၊ ဒီဇိုင်းဆန်းပြားခြင်း၊ သဘာဝကျောက် အစစ်အမှန်ဖြစ်ခြင်းတို့ကြောင့် စိတ်ဝင်စား၍ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလှပါသည်။  Public Day  နေ့တွင် မြန်မာပြခန်းများသည် လာရောက်ဝယ်ယူသူ များဖြင့် နေ့စဉ်စည်ကားလျက်ရှိပြီး CLMV  ပြခန်းများအနက် ပြပွဲသို့ လာရောက် သူများ၏ စိတ်ဝင်စားမှု အများဆုံးရရှိခဲ့သည့်အပြင် ပြပွဲအကြောင်း နေ့စဉ်ထုတ်ဝေသည့် စာစောင်တွင် မြန်မာနိုင်ငံမှ ယွန်းထည် ပစ္စည်းပြသရောင်းချနေပုံကို ဖော်ပြခြင်းခံခဲ့ရပါသည်။ မြန်မာ့ကျောက်စိမ်းကုမ္ပဏီများကို နောင်နှစ်ပြပွဲတွင်လည်း လာရောက် ပြသရန် ပြပွဲကျင်းပသူနှင့် လာရောက်သည့်အာဆီယံနိုင်ငံများ၏ ဝန်ကြီးဌာနများမှ ဖိတ်ခေါ်ကမ်းလှမ်းမှုများ ရရှိခဲ့ပါသည်။ ယခုပြပွဲသို့ သွားရောက်ပြသခဲ့ခြင်းဖြင့် နိုင်ငံတကာမှလက်မှုထည်များ၏ ဒီဇိုင်းများကို လေ့လာခွင့်ရရှိခဲ့ပြီး ကမ္ဘာ့အဆင့်မီ ကုန်ပစ္စည်းများထုတ်လုပ်နိုင်ရန် စိတ်ကူးအသစ်အဆန်းနှင့် အသိပညာများရရှိခဲ့ပါသည်။ ထို့ပြင် မိမိတိ့ုထုတ်ကုန်များ ကို နိုင်ငံ တကာ၏ အသိအမှတ်ပြု စိတ်ဝင်စားမှု၊ အရည်အသွေးတန်ဖိုးထားမှုများရရှိခဲ့သည့်အပြင် ဈေးကွက်သစ်သို့ စတင်မိတ်ဆက် ထိုးဖောက်ခွင့် ရရှိခဲ့ပါသည်။                                                                                       KKK (IT)