လုပ်ငန်းများ ဖွံ့ဖြိုးမဲ့ အလား အလာတွေရှိနေတဲ့အတွက် လာမဲ့ နှစ် နှစ်အတွင်း ကမ္ဘာ့ရောင်းဝယ်မှု လုပ်ငန်း များကို တိုးချဲ့နိုင်ရန်အတွက် အိန္ဒိယ နိုင်ငံမှတာတာဆက်သွယ်ရေးလီမိတက် (TCL) က အရှေ့တောင်အာရှနိုင်ငံမှာ အထူးသဖြင့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံ တွေကို မျက်စိကျလျက် ရှိပါတယ်။ "လာမဲ့တစ်နှစ် နှစ်နှစ်အတွင်းမှာ ဖက်စပ်လုပ်ငန်းတွေထူထောင်ပြီးဖြစ်စေ၊ မဟာဗျူဟာမြောက် မဟာမိတ် ဖွဲ့ပြီး တော့ဖြစ်စေ ဒီနိုင်ငံတွေထဲက တစ်ခု သို့မဟုတ် နှစ်ခုမှာတိုက်ရိုက် ဆက် နွှယ်မှုတွေ ပြုလုပ်ဖို့ ကျွန်တော်တို့ ရည် ရွယ်ထားပါတယ်" ဟု တာတာ ဆက် သွယ်ရေးကုမ္ပဏီမှ အကြီးတန်း ဒုတိယ ဥက္ကဋ္ဌကပြောကြောင်း အီကော်နောမစ် တိုမ်းသတင်းစာမှာ ဖော်ပြထားပါတယ်။ ကုမ္ပဏီက ရင်းနှီးမြှုပ်နှံရာမှာ အင်ဒိုနီးရှားက ထိပ်တန်းဦးစားပေးဈေး ကွက်ဖြစ်လိမ့်မယ်လို့ သူကပြောပါ တယ်။ ထို့ပြင် လောလောဆယ် ဦးစား ပေးအဖြစ်ထားတဲ့ ဈေးကွက်များမှာ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင် နိုင်ငံတွေဖြစ်ပါတယ်။ အင်ဒိုနီးရှားက တော့ ထိပ်ဆုံးဦးစားပေးဖြစ်ပါတယ်။ (TCL) က ကမ္ဘာ့ ဆက်သွယ်ရေး လောကသစ်အတွက် ကမ္ဘာ့ခေါင်း ဆောင်ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ Tata Global Network ထဲမှာ ခေတ် မီတိုးတက်မှုရှိပြီး အကြီးမားဆုံး ရေ အောက် ကေဘယ်ကွန်ရက်တစ်ခု ဖြစ်တဲ့ Tier-1 IP ကွန်ရက်လဲပါဝင် ပါတယ်။ ဒီကွန်ရက်က ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၂၀၀ နဲ့ ချိတ်ဆက်ထားပါ တယ်။ TCL က နက်နက်ရှိုင်းရှိုင်း ကျယ်ကျန်ပြန့်ပြန့် ချိတ်ဆက်ထားတဲ့ နိုင်ငံတွေထဲမှာ တောင်အာဖရိက၊ သီရိ လင်္ကာနဲ့ နီပေါတို့ပါဝင်ပါတယ်။Source.bernama.com
Background
