Main menu

Background

ဥရောပ ရောဂါအတွက် အီးစီဘီမူဝါဒက ကုထုံးမဟုတ်

Thu, 05/17/2012 - 08:10 -- Anonymous (not verified)

    ဥရောပဗဟိုဘဏ် (အီးစီဘီ)ရဲ့ ငွေကြေးမူဝါဒက ဥရောပမှာ ဖြစ်ပွား နေတဲ့  ရောဂါအတွက် ကုထုံးမဟုတ်ကြောင်းနဲ့ ယူရိုဇုန်အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် နိုင်ငံရေးအရဖိအားပေးမှုကို ပြန်လည် တွန်းလှန်သွားဖို့ လိုကြောင်း အီးစီဘီမှ မူဝါဒရေးဆွဲသူ ဂျင်းဝိတ်ဒမန်းက မေ ၈ ရက် ဝေဖန် ပြောကြားခဲ့ပါတယ်။ အလူးအလဲ ရုန်းကန်နေရတဲ့ ယူရိုဇုန်နိုင်ငံတွေကို ကူညီဖို့ အတွက် အီးစီဘီက ဆောင်ရွက်ပေးရန် ပြင်သစ်သမ္မတအဖြစ်ရွေးချယ် ခံရ ထားတဲ့ ဖရန်ဆွာဟောလန်က ဆန္ဒရှိနေပါတယ်။ ဒါပေမဲ့ အီစီးဘီက နိုင်ငံရေး ဖိအားပေးမှုတွေကို တွန်းလှန်ရမယ်လို့ ဂျာမနီ ကြညိနျဘညေု  ၏ ဥက္ကဌဖြစ်သူ ဝိတ်ဒမန်းက ပြောပါတယ်။    "လူကြိုက်နည်းတဲ့ ဆုံးဖြတ်ချက်တွေကို ရှောင်ရှားဖို့နဲ့ ပြဿနာတွေကို ငွေကြေးဖန်တီးမှုတွေနဲ့ ကြိုးစားဖြေရှင်း ဖို့  နိုင်ငံရေးသမားတွေကို ပန်ကြား ရပါမယ်။ ဒါပေမဲ့ ဒီဖိအားပေးမှုတွေကိုက ငွေကြေးမူဝါဒရေးဆွဲသူ တွေရဲ့ ကိစ္စဖြစ်ပါတယ်"ဟု ဖိုင်နန်ရှယ်တိုမ်းသတင်းစာမှာ ဖော်ပြထားပါတယ်။    "ဒါကြောင့် သမားရိုးကျမဟုတ်တဲ့ အစီအမံတွေရဲ့ ယာယီဖြစ်ပေါ်နေတဲ့ သဘော  သဘာဝနဲ့ ပတ်သက်ပြီး  စိတ်ဒွိဟမဖြစ်ဖို့  အရေးကြီးပါတယ်။ ယူရိုဇုန်မှာရှိတဲ့ ဗဟိုဘဏ်တွေရဲ့ ပြဿနာဖြေရှင်းနိုင်တဲ့ စွမ်းအားကိုအကန့် အသတ်မရှိဘူးလို့ ပြောလို့မရပါဘူး" လို့ သူက ပြောပါတယ်။ မကြာသေးမီ လများအတွင်းက ဘဏ္ဍာရေးဈေးကွက်တွေထဲကို အီးစီဘီကယူရို တစ်ထရီ လီယံ ထည့်ပေးခဲ့ပါတယ်။ ဒီလို ထူးခြားတဲ့ အစီအမံမျိုးတွေကရုန်းထွက် နိုင်အောင် အီးစီဘီကပြင်ဆင်ရာမှာ ဝိတ်ဒမန်းက ဦးစီးဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ ရုန်းထွက်နိုင်ဖို့အတွက် အချိန်မကျသေးဘူးလို့ အီစီဘီဘဏ်ဥက္ကဋ္ဌ မာရီယိုဒရပ်ဂီက ပြောပါတယ်။ Source.reuters.com