ပူဖောင်းစီးပွားရေး-ဂျပန်မှ သင် ခန်းစာများ (Bubble Economy : Lessons From Japan) ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ခုကို လွန်ခဲ့တဲ့ သီတင်း ပတ်က ဟနွိုင်းမြို့မှာကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ အိမ်ခြံမြေနဲ့ ရွှေဈေး ကွက် ''ပူးဖောင်း" ဖြစ်လာမှာကို စိုး ရိမ်ကြောင်း ကျွမ်းကျင်သူတို့က ပြော ကြားခဲ့ပါတယ်။ ရွှေ၊ ရှယ်ယာသို့မဟုတ် အိမ်ခြံမြေဈေးကွက်မှာ ဈေးနှုန်းများ အဆမတန် မြင့်တက်လာတဲ့အခါ ပူဖောင်းဖြစ်ပေါ်တယ်လို့ခေါ်ဆိုကြပြီး ရင်းနှီးမြှုပ်နှံသူတွေက ပြန်လည်ထုတ် ရောင်းလာသောအခါ "ပူဖောင်း'' ပေါက်ကွဲတယ်လို့ ခေါ်ကြပါတယ်။ ဂျပန်နိုင်ငံက ၁၉၉၀-၂၀၀၀ ပြည့်လွန်နှစ်တွေမှာဘဏ္ဍာရေး အကျပ် အတည်းဖြစ်ပေါ်ခဲ့ပါတယ်။ ဗီယက်နမ် နိုင်ငံကလည်းအခုအခါအလားတူအဖြစ် မျိုးနဲ့ကြုံတွေ့နေရကြောင်း ဂျပန်ကြွေး မြီသမဂ္ဂရဲ့ ဥက္ကဌ နာအိတိုဂျူနိုချိ က ပြောပါတယ်။ ပူဖောင်းသဖွယ် ဖြစ် လာနိုင်တဲ့ ဘဏ်ချေးငွေ အဆမတန် များပြာလာတာကို ကန့်သတ်နိုင် အောင် ဂျပန်အစိုးရက စောစောပိုင်း ကတည်းက ရှယ်ယာနဲ့ အိမ်ခြံမြေ ဈေးနှုန်းတွေကို ထိန်းချုပ်ခဲ့တယ်လို့ ဂျူနိုချိက ပြောပါတယ်။ နိုင်ငံအများအပြားက ဂျပန်နိုင်ငံရဲ့ သင်ခန်းစာကို ယူသင့်တယ်လို့ ဗီယက် နမ်ရဲ့ နိုင်ငံတော်ဘဏ် ဂျပန် အပြည် ပြည်ဆိုင်ရာ သမဝါယမအေဂျင်စီမှ အကြီးတန်း အကြံပေးအရာရှိဟောင်း တာကဲရှိ ဟာချိမူရာက ပြောပါတယ်။ မိမိနိုင်ငံအတွက် သင့်တော်မယ့်လမ်းကို ဗီယက်နမ်က ရှာဖွေဖို့ အချိန်တန် ပြီဖြစ်ကြောင်း သူက ပြောပါတယ်။ ဗီယက်နမ်နိုင်ငံက အလျှော့အတင်း ရှိတဲ့ ဘဏ္ဍာရေးစနစ်ကို တည်ဆောက်သင့် ကြောင်းနဲ့ နိုင်ငံရဲ့ငွေကြေးတန်ဖိုး ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက် သင့်ကြောင်း သူက ပြောပါတယ်။ ကြွေးဆုံး သတိပေးစနစ်နဲ့ ဖြေရှင်း ရမယ့်စနစ်ကို ထူထောင်ခြင်းဖြင့် စီမံ ခန့်ခွဲရေး အေဂျင်စီတွေက ဘဏ်လုပ် ငန်းကဏ္ဍရဲ့ ထင်သာမြင်သာရှိမှုကို ထိန်းသိမ်းသင့်ပါတယ်။ ဂျပန်နိုင်ငံက ငွေအရင်းအနှီးလိုနေတဲ့ ဘဏ်တွေ ထဲကို အများပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု တွေကို သွန်ထည့်ခဲ့ကြောင်း၊ သို့ရာတွင် ခိုင်မာတောင့်တင်းတဲ့ ဘဏ္ဍာရေးအဖွဲ့ အစည်းကို ဖန်တီးနိုင်အောင် ဗီယက်နမ် က အကောင်းဆုံးဘဏ်တွေကို ပေါင်း စည်းသင့်တယ်။ ဖွဲ့စည်းပုံကိုပြန်လည် ပြင်ဆင်ဖို့ ဦးစားပေးဆောင်ရွက်သင့် တယ်လို့ သူကပြောပါတယ်။ှSource.VNS
Background
