Main menu

Background

ကမ္ဘာ့အကျပ်အတည်းကာလမှာ ပြည်တွင်းဝယ်လိုအားကို တိုးမြှင့်ဖို့ တောင်ကိုရီးယား အစိုးရစီစဉ်

Thu, 05/17/2012 - 08:22 -- Anonymous (not verified)

    ပြည်တွင်းစားသုံးမှုကိုမြှင့်တင်ပြီး ကမ္ဘာ့ဈေးကွက် မရေ ရာမှုများ မြင့်တက်နေတာနဲ့ လိုက်လျောညီထွေ  ဖြစ်စေမယ့် စီးပွားရေးတစ်ရပ်လုံး တိုးတက်ဖြစ်ပေါ်အောင် အားပေးရန် အတွက် တောင်ကိုရီးယားအစိုးရက စီစဉ် ဆောင်ရွက်ေ နကြောင်း တောင်ကိုရီးယားဘဏ္ဍာရေးဝန်ကြီးဌာနက မေ ၈ ရက်ကပြောပါတယ်။ စက်မှုကုန်ထုတ်လုပ်မှု၊ လက်လီရောင်း ချမှု၊ စီးပွားရေးလုပ်ငန်းရင်းနှီးမြှုပ်နှံမှုနဲ့ ဆောက်လုပ်ရေး လုပ်ငန်းကဲ့သို့သော နယ်ပယ်များရှိ စီးပွားရေးအချက်အလက် များတွင် မတ်လအတွင်းက ကျဆင်းနေတာကို တွေ့ရကြောင်း Green Book  လစဉ် အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။    စီးပွားရေးကျန်းမာကြံ့ခိုင်မှုရဲ့ တိုင်းတာရေး ကိရိယာ ဖြစ်တဲ့စက်မှုကုန်ထုတ်လုပ်မှုက ဖေဖော်ဝါရီမှ မတ်လထိ ၃ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အလားတူကာလအတွင်း လက်လီရောင်းချမှုမှာ ၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်း ခဲ့ပါတယ်။ ထောက်ကူမှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုနဲ့ ဆောက် လုပ်ရေး လုပ်ငန်းများအတွင်း ငွေအင်အား ထည့်သွင်းမှု မှာ ဖေဖော်ဝါရီ နဲ့  နှိုင်းယှဉ်ရင် မတ်လမှာ ၇ ရာခိုင်နှုန်းနှင့် ၁၁ ရာခိုင်နှုန်းအသီးသီး ကျဆင်းခဲ့ပါတယ်။    စပိန်နိုင်ငံကို ချေးငွေအဆင့်သတ်မှတ်ချက် နှိမ့်ချရမှု ကြောင့် ဖြစ်ပေါ်လာတဲ့ ယူရိုဇုန်အခက်အခဲ၊ အမေရိကန် ပြည်ထောင်စုမှာ ကျဆင်းနေတဲ့ စီးပွားရေး နာလန်ထူမှုနဲ့ တောင်ကိုရီးယားရဲ့ အကြီးမားဆုံး ပို့ကုန်ဈေးကွက် တရုတ် နိုင်ငံရဲ့ စီးပွားရေးတိုးတက်နှုန်း နှေးကွေးမှု စတာတွေအားလုံး က စိုးရိမ်စရာတွေချည်းဖြစ်ခဲ့ပါတယ်။    အကောင်းဘက်မှ ကြည့်မယ်ဆိုရင် ယခုနှစ်မှာ တောင်ကိုရီးယားရဲ့ ကုန်သွယ်မှုအသား တင်ပိုငွေ ကို ဖြစ်ပေါ်စေခဲ့တဲ့ ဈေးကွက်အခြေအနေများက အခွင့်သာတဲ့အနေအထား မရှိပေမဲ့ ပို့ကုန်လုပ်ငန်းတွေက ရှေ့ကို ဆက်လှမ်းနိုင်မဲ့ အခြေ အနေရှိတယ်လို့ ဝန်ကြီးဌာနကပြောပါတယ်။Source.yonhap.News