Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Thu, 05/17/2012 - 08:24 -- Anonymous (not verified)

    ဂရိနိုင်ငံမှာ ဖြစ်ပွားနေတဲ့နိုင်ငံရေး အကျပ်အတည်းက ကမ္ဘာ့ဈေးကွက် တွေကိုကသောင်းကနင်းဖြစ်ပေါ်စေပြီး တရုတ်၊ မလေးရှား နဲ့ ဖိလစ်ပိုင်နိုင်ငံ တွေရဲ့ ပို့ကုန်လုပ်ငန်းတွေနှေးကွေးလာ ပြီးနောက်ပိုင်းအာရှငွေကြေးတွေရဲ့ တန် ဖိုးက ဒုတိယမြောက်သတင်းပတ်အဖြစ် ဆက်လက်ကျဆင်းခဲ့ပါတယ်။ ခြိုးခြံ ချွေတာရေးအစီအမံတွေကို ဆိုင်းငံ့ ထားမဲ့ပြင်သစ်ဆိုရှယ်လစ်ဝါဒီ ဖရန်ဆွာ ဟော်လန်ပြင်သစ်သမ္မတအဖြစ်ရွေးကောက်ခံရပြီးနောက်ပိုင်း ကမ္ဘာ့ ရင်းနှီးမြှုပ်နှံသူ တွေက ထွန်းသစ် စဈေးကွက် စတော့ ရှယ်ယာတွေကို ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံဖိုး ပြန်ထုတ်သွားပါတယ်။တရုတ်ယွမ်    ဥရောပမှာ ဖြစ်ပွားနေတဲ့နိုင်ငံရေး အပြောင်းအလဲကဒေသတွင်းကြွေးမြီ အကျပ်အတည်းကို ဆိုးဝါးလာစေနိုင် တဲ့အတွက် တရုတ် ပို့ကုန်တွေ ကျဆင်း မှာကို စိုးရိမ်နေရပါတယ်။ ဒါကြောင့် ယွမ်ငွေတန်ဖိုးက နှစ်လ အတွင်း အနိမ့် ဆုံး အဆင့်ကို ရောက်ရှိခဲ့ပါတယ်။    ရှန်ဟဲမှာ မေ ၁၁ ရက်မနက် ၁၀ နာရီ ၂၀မိနစ်က ယွမ်တန်ဖိုးက သီတင်း ပတ်အလိုက် သုည ဒသမ ၁၈ ရာခိုင် နှုန်း နဲ့ ရက်အလိုက် သုည ဒသမ ၀၅ ရာခိုင်နှုန်းကျဆင်းပြီး တရုတ်နိုင်ငံခြား ငွေလဲလှယ်ရေးဌာနမှာ တစ်ဒေါ်လာ ကို ၆ ဒသမ ၃၁၇၃ ယွမ်နှုန်းရှိခဲ့ပါ တယ်။အိန္ဒိယရူပီး    ယူရိုဇုန်နဲ့ ပတ်သက်တဲ့ စိုးရိမ်မှု တွေက စွန့်စားရမှုများတဲ့ အက်ဆက် တွေကိုထိခိုက်မှုဖြစ်စေပြီး အိန္ဒိယဗဟို ဘဏ်ကဝင်ရောက်ကိုင်တွယ်ဖြေရှင်းမဲ့ အလားအလာတွေ ရှိနေပါတယ်။ ဒါ ကြောင့် အိန္ဒိယရူပီးငွေကြေးတန်ဖိုးက မေ ၁၁ ရက်နေ့မှာ ဒေါ်လာနဲ့ လဲလှယ် ရာမှာ တန်ဖိုးကျဆင်းခဲ့ပါတယ်။ ရူပီး ငွေကြေးတန်ဖိုးက မေ ၁၀ ရက်ဈေး ကွက်မှာ တစ်ဒေါ်လာကို ၅၃ ဒသမ ၄၄ ရူပီးနဲ့ဈေးပိတ်ခဲ့ရာမှ မေ ၁၁ ရက် မှာ တစ်ဒေါ်လာကို ၅၃ ဒသမ ၅၇ ရူပီးနှုန်းထိ ရူပီးတန်ဖိုးကျခဲ့ပါတယ်။ဂျပန်ယန်း    ယူရိုငွေကြေးနယ်မြေကဂရိနိုင်ငံ ဆုတ်ခွာ လိမ့်မယ်ဆိုတဲ့ဂရိနိုင်ငံအတွင်း မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမရေရာ မှုတွေဖြစ်ပေါ်နေချိန်မှာ ယူရိုငွေကြေး တန်ဖိုးက ဒေါ်လာနဲ့ ယန်းတို့နဲ့ ဖလှယ် ရာမှာကျဆင်းခဲ့ပါတယ်။ တိုကျိုမှာ မေ ၁၁ ရက်က ဒေါ်လာတန်ဖိုးမှာ တစ် ဒေါ်လာကို ၇၉ ယန်းဝန်းကျင်မှာရှိနေ ပါတယ်။ မေ ၁၀ ရက် ညနေ ၅ နာရီက နယူူးယောက်မှာတစ်ဒေါ်လာ ကို ၇၉ ဒသမ ၈၈ ယန်းနဲ့ တိုကျိုမှာ ၇၉ ဒသမ ၇၄ ယန်းနှုန်း ရှိခဲ့ရာမှ မေ ၁၁ ရက်မှာ တစ်ဒေါ်လာကို ၇၄ ဒသမ  ၈၈ ယန်း နှုန်းရှိခဲ့ပါတယ်။မလေးရှားရင်းဂစ်    ပြင်ပ အကြောင်းတရား များ ကြောင့် စီးပွားရေးအရစိတ်ဝင်စားမှု နည်းလာတဲ့အတွက် ရင်းဂစ်တန်ဖိုး က ဒေါ်လာနဲ့ဖလှယ်ရာမှာ မနက်ပိုင်းဈေး ကွက်မှာ  တန်ဖိုးကျဆင်းခဲ့ကြောင်း ဝယ်ရောင်းသမားတစ်ဦး ကပြောပါတယ်။ ရင်းဂစ်တန်ဖိုးက မေ ၁၀  ရက်က ဒေါ်လာနဲ့   ဖလှယ်ရာမှာ ၃ ဒသမ ၀၆၆၅ ရင်းဂစ်နှုန်းရှိရာမှ မေ ၁၁ ရက် မနက် ၉ နာရီ ၂၇ မိနစ်မှာတစ်ဒေါ် လာကို ၃ ဒသမ ၀၇၁၀ ရင်းဂစ်နှုန်း သို့ ရောက်ရှိကာ ရင်းဂစ်တန်ဖိုးကျဆင်း ခဲ့ပါတယ်။ အခြား ငွေကြေးများနဲ့ ဖလှယ်ရာမှ ရင်းဂစ်တန်ဖိုးအတက်အ ကျအမျိုးမျိုးရောထွေးနေပါတယ်။တောင်ကိုရီးယားဝမ်    ဥရောပမှာဖြစ်ပေါ်နေတဲ့ နိုင်ငံ ရေးအပြောင်းအလဲတွေက ဥရောပ ေ<ကးမြီအကျပ်အတည်းပိုမိုနက်ရှိုင်းလာ မှာ စိုးရိမ်စရာဖြစ်စေပြီး စွန့်စားမှုပိုများ တဲ့ အက်ဆက်တွေရဲ့ ဝယ်လိုအားကို ကျဆင်း စေခဲ့ပါတယ်။ ဒါကြောင့် တောင်ကိုရီးယား ဝမ်တန်ဖိုးက ငါးလအ တွင်းအနိမ့်ဆုံးကိုရောက်ရှိစေပြီး အစိုးရ ဘွန်းစာချုပ်တွေရဲ့ တန်ဖိုးမြင့်တက်လာ စေပါတယ်။ ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူတွေ က မေ ၁၁ ရက်အထိ ကိုရီးယား ရှယ် ယာတွေလက်ဝယ်ထားရှိမှုကို ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံထိ လျှော့ချခဲ့ ပါတယ်။ ဝမ်ငွေကြေးတန်ဖိုး က မေ ၁၁ ရက် မနက် ၉ နာရီ ၃၁ မိနစ်က ဆိုးလ်မြို့မှာ ၁ ဒသမ ၁ ရာခိုင်နှုန်း တန်ဖိုးကျဆင်းပြီး တစ်ဒေါ်လာကို ၁၁၄၃ ဒသမ ၄၅ ဝမ်နှုန်း ရှိခဲ့ပါတယ်။ ဒီဇင်ဘာ ၉ ရက် နောက် ပိုင်းတန်ဖိုး အကျဆုံးဖြစ်ခဲ့ပါတယ်။ထိုင်းဘတ်    ဥရောပကြွေးမြီအကျပ်အတည်း ကြောင့်ပို့ကုန်များရဲ့ ဝယ်လိုအားကျ ဆင်းလိမ့်မယ်ဆိုတဲ့ စိုးရိမ်စိတ်ကြောင့် အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ က ထိုင်းရှယ်ယာများကို   ပြန်လည် ရောင်းထုတ်လာပြီးနောက်ပိုင်း  ထိုင်း ဘတ်ငွေတန်ဖိုးသည် ဒုတိယမြောက်လ အဖြစ် တန်ဖိုးကျဆင်းပြီး အစိုးရဘွန်း စာချုပ်များလည်း တန်ဖိုး  ကျဆင်းခဲ့ပါ တယ်။     မေ  ၁၁  ရက်အထိ  ရှိသော ယခုသီတင်းပတ်တွင် ကမ္ဘာ့ရင်းနှီးမြှုပ်နှံ သူတို့ ထိုင်းရှယ်ယာများကို အဝယ်ထက် အရောင်းက ဒေါ်လာ ၂၂၄ သန်းပိုမိုခဲ့ ပါတယ်။ ထိုင်းဘတ်ငွေတန်ဖိုးက ဘန်ကောက်တွင် မေ ၁၁ ရက်မနက် ၈ နာရီ ၄၁ မိနစ်က သုည ဒသမ ၆ ရာခိုင်နှုန်းတန်ဖိုးကျဆင်းပြီး တစ် ဒေါ်လာကို ၃၁ ဒသမ ၁၅ ဘတ်နှုန်းရှိ ခဲ့ပါတယ်။ Sources:bloomberg.com, reuters.com, minichi japan, bernama