Main menu

Background

အမေရိကန်ဘဏ်ဈေးကွက်သို့ တရုတ်ဘဏ်သုံးခု ဝင်ရောက်လာ

Thu, 05/17/2012 - 09:09 -- Anonymous (not verified)

    အမေရိကန်ဘဏ်ဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် တရုတ်ဘဏ်ကြီးသုံးခုကိုအတည်ပြုပေးခဲ့ကြောင်း အမေရိ ကန်ဗဟိုဘဏ်က မေ ၁၀ ရက်မှာ ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံတွင် အကြီးဆုံးဘဏ်  တစ်ခုဖြစ်တဲ့ International  and  Commerical  Bank  of  China ( ICBC ) ၊ Bank of China   နဲ့ တရုတ်စိုက်ပျိုးရေးဘဏ်တို့က အမေရိ ကန်ပြည်ထောင်စုမှာ ဘဏ်ခွဲများဖွင့်လှစ်ဖို့ လမ်းပွင့်သွားပြီ ဖြစ်ကြောင်း ဗဟိုဘဏ်ကပြောပါတယ်။ Bank  of  China က ချီကာဂိုနှင့် တရုတ်စိုက်ပျိုးရေးဘဏ်က နယူးယောက် စီးတီးတွင် ဘဏ်ခွဲတစ်ခုစီ ဖွင့်လှစ်ရန် ခွင့်ပြုပေးခဲ့ပါ တယ်။    အမေရိကန်အထောက်အပံ့ခံ Bank  of  East  Asia  ရဲ့ရှယ်ယာများကိုဝယ်ယူဖို့ ICBC ဘဏ်က လျှောက်ထားမှုကို အမေရိကန်ဗဟိုဘဏ်ဘုတ်အဖွဲ့က အတည်ပြုပေးခဲ့ပါတယ်။ ယခုသဘောတူညီမှုက အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ လက်လီဘဏ်ခွဲတွေမှာ တရုတ်အစိုးရထိန်းချုပ်ထားတဲ့ ဘဏ် တစ်ခုက ရှယ်ယာဝယ်ခွင့်ရအောင် ပထမဆုံးခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ Bank  of  East  Asia က နယူးယောက်နဲ့ ကယ်လီဖိုနီးယားမှာဘဏ်ခွဲ ၁၃ ခု ဖွင့်လှစ်ထားပါတယ်။    ICBC ဘဏ်က တရုတ်နိုင်ငံရှိ အကြီးဆုံးလေးခုထဲမှာ ပါဝင်လျက်ရှိပြီး ပင်လယ်ရပ်ခြားဒေသမှာ ဘဏ်ခွဲများဖွင့် လှစ်ရန် အထူးကြိုးစားလျက်ရှိပါတယ်။ ICBC ဘဏ်မှာ စုစုပေါင်း ပိုင်ဆိုင်မှုဒေါ်လာ ၂ ဒသမ ၅ ထရီလီယံ ရှိပြီး တရုတ်အစိုးရက ရှယ်ယာ ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင်ကြောင်း ဗဟိုဘဏ်က ပြောပါတယ်။ှSource.AFP;Southasianews.com