Main menu

Background

တရုတ်နဲ့ ရေနံရောင်းဝယ်ရာတွင် အီရန်က ယွမ်ကိုလက်ခံ

Thu, 05/17/2012 - 09:13 -- Anonymous (not verified)

    တရုတ်နဲ့ ရေနံရောင်းဝယ်ရာမှာ ယွမ်ကိုပေးချေရမည့်ငွေကြေးအဖြစ် အီရန် နိုင်ငံကလက်ခံကြောင်း သတင်းရရှိပါတယ်။ ဒီလိုလက်ခံလိုက်တဲ့အတွက် တကယ် လို့တခြားနိုင်ငံတွေကလည်း အလားတူပေးချေမှုမျိုး ဖြစ်လာရင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ငွေကြေးအဖြစ် အမေရိကန်ဒေါ်လာ လွှမ်းမိုးထားခြင်းကို ထူးထူး ခြားခြား ခြိမ်းခြောက်မှုဖြစ်သွားစေပါတယ်။ အီရန်နိုင်ငံက ရရှိထားတဲ့ယွမ်ငွေကြေး ကို တရုတ်ကုန်ပစ္စည်းတွေဝယ်ယူရာမှာ အသုံးပြုမှာဖြစ်ကြောင်း ဖိုင်နန်ရှယ်တိုင်းမ် သတင်းစာ မှာ ဖော်ပြထားပါတယ်။ တချို့ ကုန်သွယ်မှုလုပ်ငန်းတွေကို ပစ္စည်းချင်း ဖလှယ်တဲ့စနစ်နဲ့ ရောင်းဝယ်ပါတယ်။ ဥပမာ တရုတ်နိုင်ငံရဲ့ Zhuhai  Zhenong   ရေနံရောင်းဝယ်ရေး ကုမ္ပဏီက ရေနံဖိုးပေးချေတဲ့အနေနဲ့ အီရန်ရေနံတူးဖော်ရာမှာ ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးပါတယ်။    အမေရိကန်ရဲ့ ပိတ်ဆို့မှု တိုးမြှင့်လာတဲ့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ ပန်ကြားချက်ကိုလိုက်နာတဲ့ အနေနဲ့ အဓိကဈေးကွက်တွေက ဝယ်ယူမှုကိုလျှော့ချ ပါတယ်။ ဒါကြောင့် အီရန်နိုင်ငံအတွက် ရေနံရဲ့ဝင်ငွေကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ရေနံရောင်းဝယ်သူတွေက အမေရိကန်ဒေါ်လာအစား သက်ဆိုင်ရာငွေကြေးတွေကို အသုံးပြုလာတဲ့အတွက် ပိတ်ဆို့အရေးယူမှုတွေက ကိုယ့်ရှူးကိုယ်ပတ်ဖြစ်လာနိုင် စရာရှိပါတယ်။    စောစောပိုင်းက အီရန်၊ အိန္ဒိယတို့ကသဘောတူညီချက်ရခဲ့ကြပြီး ဒီသဘော တူညီချက်အရ အိန္ဒိယ တင်သွင်းတဲ့ရေနံရဲ့ ၄၀ ရာခိုင်နှုန်းကို အိန္ဒိယရူပီးနဲ့ ပေးချေဖို့သဘောတူခဲ့ပါတယ်။ အီရန်နိုင်ငံက ဒီငွေကြေးကို သုံးပြီး အိန္ဒိယမှ ကုန် စည်နဲ့ ဝန်ဆောင်မှုကိုရနိုင်မှာ ဖြစ်ပါတယ်။ ှSource.commodityonline