Main menu

Background

ဗီယက်နမ်အစားအစာများ ကမ္ဘာ့ဈေးကွက်မှာ အခွင့်အလမ်းကြီးမားစွာရ

Thu, 05/17/2012 - 09:18 -- Anonymous (not verified)

    အရှေ့တောင်အာရှမှာ အစားအစာကုန်သွယ်မှုပုံစံများကို လုပ်ပိုင်ခွင့်ခွဲဝေပေးနိုင်မဲ့ အလားအလာများနဲ့ ပတ်သက်တဲ့လေ့လာ ဆန်းစစ်ချက်ကို ၂၀၁၂ ခုနှစ် မေ ၂ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ စစ်တမ်းကို လုပ်ငန်းတွေကို လုပ်ပိုင်ခွင့်ခွဲဝေပေးရာမှာ အတိုင်ပင်ခံ ဝန်ဆောင်မှုဆောင်ရွက်ပေးနေတဲ့ Franchise  Mind    နဲ့ ထိုင်း စီးပွားရေး လုပ်ငန်းအုပ်ချုပ်ရေးအဖွဲ့ TMA   တို့က လုပ်ပိုင်ခွင့်ခွဲေ၀ ပေးရေး  လုပ်ငန်းတွေနဲ့  ဆိုင်ရာတွေကို  လွှင့်တင်ပေးနေတဲ့ nhuongquyenvietnam.com  ကနေဆောင်ရွက်ပေးခဲ့တာ ဖြစ် ပါတယ်။ အဓိက အချက်လေးချက်ကြောင့် ဗီယက်နမ် အစားအစာ တွေ ကမ္ဘာ့ဈေးကွက်ကိုဝင်ဖို့ အလားအလာတွေ အကြီးအကျယ် ရှိနေတယ်လို့ Franchise  Mind  ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဟာရစ် ဘာဘလာက ပြောပါတယ်။    ဗီယက်နမ်မှာ ချက်ပြုတ်မှုဆိုင်ရာ ထုံးတမ်းစဉ်လာ ရှင်း လင်းပြတ်သားတဲ့ စရိုက်လက္ခဏာတွေ ရှိပါတယ်။ ဗီယက်နမ် အစား အစာတွေက အာဟာရ မျှတမှုရှိလို့ လူတွေကို ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။ အစားအစာပြင်ဆင်ရာမှာ ရှုပ်ထွေးခက်ခဲမှု မရှိပါဘူး။ ပြီးတော့ကြီးမားတဲ့ ပြည်တွင်းဈေးကွက် နောက်ခံရှိပါတယ်။ ဒီအချက် လေးချက်က သီးခြားကုန်သွယ်မှုပုံစံကို ဆောင်ရွက်နိုင်ဖို့လုံလောက်တဲ့ အချက်တွေဖြစ်ပါတယ်။ သီးခြား လုပ်ပိုင်ခွင့်ခွဲဝေပေးတဲ့ စနစ်နဲ့ ဆောင်ရွက်ရင် အလွယ်တကူကျယ်ပြန့်လာနိုင်ပါတယ်။ ဒီအချက်က ဗီယက်နမ်အစားအစာတွေကို ကမ္ဘာ ကလက်ခံအောင်ဖြန့်ဖြူးရာမှာ ဗီယက်နမ် စီးပွားရေးလုပ်ငန်းတွေအတွက် အထောက်အကူဖြစ်စေပါ တယ်။    ဗီယက်နမ်အစားအစာက အမျိုးသားအသွင်မျိုးနဲ့ကြည့်ရင် အကောင်းဆုံးအစားအစာဆယ်ခုမှာ နံပါတ်သုံးနေရာမှာ ရှိတယ်။ သူ့ရှေ့မှာ ဂရိနဲ့ ကယ်လီဖိုးနီးယားရှိပြီး သူ့နောက်မှာ ဂျပန်နဲ့ အိန္ဒိယ တို့ရှိကြောင်း အမေရိ ကန်မဂ္ဂဇင်း Health မှာဖော်ပြထားပါတယ်။  ဒီအစားအစာတွေက အဆီနည်းတယ်။ ဟင်းခတ် အမွှေးအကြိုင် မလွန်ကဲဘူး။ မျှတတဲ့အာဟာရရှိတယ်လို့ ဗီယက်နမ်အစားအစာကို ကြိုက်သူတွေက ပြောပါတယ်။    ယနေ့ခေတ်မှာစားသုံးသူတွေကအာဟာရဘက်ကို အလေးပေး လာပါတယ်။ မက်ဒေါနယ်၊ ဘာဂါကင်းနဲ့ဝင်ဒီတို့က သူတို့ရဲ့ ဟင်း အစပ်တွေကို ပြောင်းလာပါတယ်။ သူတို့က ကျန်းမာရေးအတွက် အထောက် အကူဖြစ်တာကို ရွေးလာပါတယ်။ အသားနေရာမှာ ပင်လယ်စာကိုအစားထိုးပြီး အသီးအရွက်ကိုပိုသုံးပါတယ်။ ဒါကြောင့် သူတို့ အစားအစာပြုပြင်တဲ့နည်းက ဗီယက်နမ် နည်းလမ်းဘက်ကို တိမ်းညွှတ်လာပါတယ်။ ပင်လယ်စားသောက်ဆိုင်တွေကို လုပ်ပိုင်ခွင့် လက်ခွဲပေးပြီးတစ်သီကြီးဆောင်ရွက်နေတဲ့ Manny's  Place  က ဗီယက်နမ်နဲ့တွဲပြီး လုပ်ကိုင်မယ့် စီးပွားဖက်ရှာနေပါတယ်။ ဗီယက်နမ် အစားအစာတွေ ကမ္ဘာပေါ်မှာ လူကြိုက်များလာလို့ ကမ္ဘာတစ်လွှား ရှိ မီးဖိုဆောင်တွေမှာဗီယက်နမ်အစားအစာတွေကို အထူးတလည် ဆောင်ရွက်မဲ့ဖြန့်ဖြူးရေးကွင်းဆက်တည်ဆောက်ဖို့ကုမ္ပဏီက ကြိုးစား နေပါတယ်။                              UNT,Source.english.vietnamnet.com