Main menu

Background

ယူရိုဇုန်မှ ဂရိထွက်ခွာနိုင်တဲ့ ကိစ္စကို ဗဟိုဘဏ်များဆွေးနွေး

Thu, 05/17/2012 - 09:21 -- Anonymous (not verified)

    ဂရိနိုင်ငံယူရိုဇုန်မှ ထွက်ခွာမဲ့အလားအလာများနဲ့ ဖြစ်ပေါ် လာမဲ့ ပြဿနာများကို ဖြေရှင်းရမည့်ကိစ္စကို ဥရောပ တစ်လွှားရှိ ဗဟိုဘဏ်တို့က ဆွေးနွေးနေကြပြီဖြစ်ကြောင်း ဆွီဒင်နိုင်ငံမှ Risksbank   ဒုတိယဗဟိုဘဏ်အုပ်ချုပ်ရေးမှူး ပါဂျန်ဆန်က ပြော ကြားပါတယ်။    "အခက်အခဲမရှိ  ပြီးမြောက်သွားမယ်လို့  ခန့်မှန်းရတာ တော်တော်ခက်ခဲပါတယ်၊  နိုင်ငံခြား ဆွေးနွေးပွဲတွေမှာတော့ ကျွန်တော်တို့ ဒီကိစ္စကိုဆွေးနွေးနေပါပြီ၊ သူတို့ ယူရိုဇုန်က မထွက် ခွာဘူးလို့ ကျွန်တော်ယုံကြည်မျှော်လင့်ပါတယ်"လို့ မေ ၁၁ ရက်က စတော့ဟုမ်းမှာပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဂျန်ဆန်က ပြောပါတယ်။     မေ ၆ ရက်ရွေးကောက်ပွဲမှာ ကယ်တင်မှုချေးငွေကို ဆန့်ကျင် တဲ့ အဖွဲ့အစည်းများ လူကြိုက်ပိုမိုများလာပြီးနောက်ပိုင်း ယခု သီတင်းပတ်အတွင်းမှာ ယူရို ဇုန်နယ်မြေကနေ ဂရိနိုင်ငံထွက်ခွာမဲ့ အန္တရာယ်က ပိုမိုမြင့်တက်လာပါတယ်။ ဥရောပ မှာ ကြွေးမြီအ ထူ ပြောဆုံး နိုင်ငံဖြစ်တဲ့ ဂရိနိုင်ငံမှာ အစိုးရတစ်ရပ် ဖွဲ့စည်းရေးကြိုး ပမ်းမှုများက ယခုချိန်အထိ အောင်မြင်မှု မရှိသေးပါဘူး။ ဒါပေမဲ့ ယူရိုဇုန်မှာရှိနေတဲ့ တခြားနိုင်ငံတွေကို ကူးစက်ပြန့်ပွားမဲ့ အန္တရာယ် ကို လျှော့ချထားပြီးဖြစ်တဲ့အတွက်  ဂရိနိုင်ငံ ထွက်ခွာသွားမဲ့ကိစ္စ ကို ယူရိုဇုန်နယ်မြေက ဖြေရှင်းနိုင်မှာ ဖြစ်ကြောင်း ဂျာမနီဘဏ္ဍာ ရေးဝန်ကြီး Wolfgang Shaeuble  က မေ ၁၁ ရက်က ပြုလုပ်တဲ့ Rheinische Post  သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဖြစ်ပါ တယ်။    ဘလွမ်းဘတ်သတင်းဌာနက ရွေးကောက်ပွဲ နောက်ပိုင်း လူ ၁၂၅၃ ဦးထံမှ သဘောဆန္ဒ ကောက်ခံခဲ့ရာ ယခုနှစ် အတွင်း အနည်းဆုံး နိုင်ငံတစ်နိုင်ငံက ယူရို ငွေကြေးကို စွန့်ခွာလိမ့်မယ်လို့ ၅၇ ရာခိုင်နှုန်းက ပြောကြားပါတယ်။ ၂၀၁၀ ခုနှစ်စစ်တမ်း ကောက်ယူခဲ့ပြီးနောက်ပိုင်း အများဆုံးရာခိုင်နှုန်းဖြစ်ပြီး ၂၀၁၁ ခုနှစ်ကကောက်ခံရရှိတဲ့ ၁၁ ရာခိုင်နှုန်းထက်ပိုမိုများပြားလာပါ တယ်။                                                  UNT,Source:sfgate.com