နယ် GSM ဖုန်းများ မန္တလေးမြို့တွင် ပြောဆိုနိုင်ရန် ကြိုတင်ငွေဖြည့်ထားရမည်ဟုဆို
နယ်မြို့များအတွက် ရောင်းချပေး တဲ့ GSM ဖုန်းများမှ မန္တလေးမြို့ပေါ် တွင် မေလပထမပတ်မှ စတင်ပြော ဆို နိုင်ကြောင်း ကြေညာချက် ထုတ်ပြန် ထားသော်လည်း ဖုန်းလိုင်းအချို့ပြော ဆိုလို့ မရရှိသေးကြောင်း သိရပါတယ်။မန္တလေးမြို့ရှိ Orange ဖုန်း အရောင်းဆိုင်မှ တာဝန်ခံက " မေလ ၃ ရက်မတိုင်ခင် နယ်မှာ ဖုန်းပြောထား တယ်ဆိုရင် ၃ ရက်နေ့ လိုင်းဖွင့်တော့ မန္တလေးမြို့ပေါ်မှာ ပြောလို့ရတယ်။ မန္တလေးလိုင်းဖြစ်တဲ့ ၄၀၂၅၇ ××××× နောက်ပိုင်းကပြောလို့ရပြီ။ နယ်အတွက် ချထားပေးတဲ့ ၄၀၂၅၀ ××××× မှ ၄၀၂၅၆ ×××××လိုင်းထိက နယ်မှာ မပြောထားတဲ့သူတွေ လိုင်းမပွင့်သေး တာ။ ဆက်သွယ်ရေးကိုမေးကြည့်တော့ ၉ ရက်နေ့မှာ လိုင်းပွင့်မယ်လို့ပြော တယ်။ ဒါကြောင့် ဖုန်းဝယ်ယူထားတဲ့ သူတွေအနေနဲ့ ၉ ရက်မတိုင်ခင်မှာ ငွေ ကြိုဖြည့်ထားသင့်တယ်"လို့ ပြောပါ တယ်။မြန်မာ့ဆက်သွယ်ရေး GSM ဌာန ကို ဆက်သွယ်မေးမြန်းကြည့်ရာ ရန်ကုန်မှ လိုင်းဖွင့်ပေးမှာဖြစ်လို့ ဘယ် ရက်မှာ လိုင်းဖွင့်မယ်ဆိုတာ မသိရှိ ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။နယ် GSM ဖုန်းဝယ်ယူထားသူမှ မြန်မာ့ဆက်သွယ်ရေးက မေလ ပထမ ပတ်မှာ တစ်နိုင်ငံလုံး ဖုန်းပြောလို့ရပြီ လို့ ကြေညာထားေ တာ့ ဒီအတိုင်းပဲ ပြောလို့ရမယ်မှတ်တာ။ ဆက်သွယ်ရေး ကိုမေးကြည့်တော့မှ နယ်မှာ ဖုန်းပြော ပြီးမှ မြို့ပေါ်မှာ ပြောလို့ရမယ်ဆိုလို့ စစ် ကိုင်းတံတားပေါ်မှာ သွားစမ်းထားရ တယ်။ ရွှေကြက်ယက်ရောက်တော့ လိုင်းမရတော့ဘူး။ ဘယ်နေ့မှ လိုင်းပွင့် မယ်ဆိုတာ စောင့်နေရတော့မယ်။ သယ်သူပဲဖြစ်ဖြစ် ဖုန်းဝယ်ပြီး ပြောချင် တာပေါ့။ ဝယ်ထားတာတစ်လရှိပြီ ပြော လို့မရသေးဘူး"လို့ ပြောပါတယ်။ဇူးဇူး
