Main menu

Background

မော်လမြိုင် နတ်စမ်းကြက်မောက်သီး လှိုင်လှိုင်ပေါ်ပြီ

Thu, 05/17/2012 - 09:34 -- Anonymous (not verified)

          နတ်စမ်းကျေးရွာဟာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကိန်းဗျောကျေးရွာ အုပ်စုမှာပါရှိပြီး မော်လမြိုင် ကျိုက် မရော ကားလမ်းမေ ပါ်မှာ တည်ရှိကာ ကြက်မောက်သီး  လှိုင်လှိုင်ထွက်ရှိတဲ့ ရွာလေးဖြစ်ပါတယ်။ ယခု မေလဆန်း ဟာ နတ်စမ်းကြက်မောက်သီးနဲ့ အခြား အစေ့လွတ်၊အစေ့မလွတ် ကြက်မောက် သီးများ လှိုင်လှိုင်ထွက်ရှိချိန်ဖြစ်လို့ မော် လမြိုင်ရဲ့ သီးနှံပွဲရုံများနဲ့ လမ်းဘေးဆိုင် ခွဲလေးများမှာ   ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချနေကြပါတယ်။နတ်စမ်းကြက်မောက်သီးဟာ ယိုး ဒယားကြက်မောက်သီးကဲ့သို့  အစေ့ ကျွတ်ပြီး၊ အရသာ အချိုစူးရှတဲ့ အရ သာရှိပါတယ်။ ယိုးဒယားကြက်မောက် သီးအလုံးကြီး တစ်ကီလို ကျပ် ၁၄၀၀၊ လုံးသေး ၁ ကီလို ကျပ် ၁၂၀၀၊ မြန်မာ ကြက်မောက်သီး  နတ်စမ်းအစေ့ကျွတ် ၁၀၀ တွဲတစ်တွဲကို ကျပ် ၁၈၀၀၊ အခြား အချိုပေါ့ အစေ့ကျွတ်သီးများမှာ အလုံး ၁၀၀ တွဲ တစ်တွဲကို ကျပ် ၁၅၀၀၊ အစေ့ မကျွတ်သီးမှာ လုံး ၁၀၀ တစ်တွဲ ၁၂၀၀ ကျပ်နဲ့ ရောင်းချနေကြပါတယ်။ သီးနှံ ပွဲစားများလည်း  ရန်ကုန်ဈေးကွက်ကို ပြန်လည်ရောင်းချဖို့အတွက်မော်လမြိုင် မြိုင်ရတနာဈေးရှေ့ သီးနှံဈေးတန်းမှာ ကားကြီးကားငယ်နဲ့ ရောင်းဝယ်နေကြ တယ်လို့ သိရပါတယ်။သန်းသန်းဝင်း