ကယားပြည်နယ် သမဝါယမအသင်းစုချုပ်မှ ဒုတိယအကြိမ် GSM ဖုန်း အလုံး ၂၀၀ ကို ဝန်ထမ်းများသို့ အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချ

           ကယားပြည်နယ် သမဝါယမအသင်းစုချုပ်မှ ဌာနဆိုင်ရာဝန်ထမ်းများအား GSM  ဖုန်း ကိုယ်ပိုင်အသုံးပြုနိုင် ရေးအတွက် အရစ်ကျငွေချေစနစ်ဖြင့် အရင်းအနှီးစိုက်ထုတ်ပြီး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ မေလ ၉ ရက်နဲ့ ၁၀ ရက်များမှာ ဒုတိယအကြိမ် GSM  ဖုန်း အလုံး ၂၀၀ ကို ရောင်းချပေးမှာဖြစ်ကြောင်း သိရပါ တယ်။ ဖုန်းအသုံးပြုလိုသူ ဝန်ထမ်းများရဲ့ ကိုယ်တိုင်လျှောက်လွှာများကို ၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်မှ ၃၀ ရက်အထိ နောက်ဆုံးထားကာ လျှောက်လွှာများအား ခေါ်ယူလက်ခံရရှိထားခဲ့ရာ သတ်မှတ်ချက်နဲ့ကိုက်ညီကာ ရောင်းချပေးမဲ့ ဝန်ထမ်းများအား အတည်ပြုရွေးချယ်ထားပြီးဖြစ်ကြောင်းနဲ့ ပထမအကြိမ် GSM  ဖုန်းအလုံး ၂၀၀ ကို ဧပြီ ၁၀ ရက်က ဝန်ထမ်းများကို အရစ်ကျငွေချေစနစ်နဲ့ ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။                                    မင်းအောင်