Main menu

Background

WTO ကုန်သွယ်မှုစနစ်၏ အကျိုးဖြစ်ထွန်းစေမှု ၁၀ ခု

Thu, 05/17/2012 - 09:41 -- Anonymous (not verified)

             (၃) အာဏာနဲ့ လုပ်ဆောင်မှုထက် ဥပဒေတွေအပေါ်မှာ အခြေခံတဲ WTO ကုန်သွယ်မှုစနစ်က အားလုံးရဲ့ဘ၀ ကို ပိုမိုလွယ်ကူလာစေတယ်။'WTO က နိုင်ငံတွေအားလုံးကို တစ် ပြေးညီဖြစ်အောင် မလုပ်ဆောင်နိုင်ပါ။ သို့ပေ မဲ့ နိုင်ငံငယ်လေးတွေရဲ့ အသံတွေပိုမိုပေးလာ နိုင်ကြတာ တစ်ချိန်တည်းမှာ သူတို့ရဲ့ များစွာ သော ကုန်သွယ်ဖက်တစ်ဦးချင်းနဲ့ ကုန်သွယ်မှု သဘောတူညီချက်တွေကို စေ့စပ်ညှိနှိုင်း အဖြေ ရှာမှု လုပ်ပေးနိုင်တာကြောင့် ရှုပ်ထွေးမှုဖြစ် စေတဲ့ အဓိကစွမ်းအားတွေကို လွတ်လပ်မှုဖြစ် စေနိုင်တာဖြစ်တယ်'WTO က ဆုံးဖြတ်ချက်တွေကို အပြန် အလှန် သဘောတူညီမှုရရှိစေပြီးမှ ပြုလုပ်ပေးတာ ဖြစ်တယ်။ အဖွဲ့ဝင်နိုင်ငံတွေအားလုံးကနေ စေ့စပ် ညှိနှိုင်းထားတဲ့ WTO သဘောတူညီချက်တွေကို အပြန်အလှန်သဘောတူညီမှုတွေရယူပြီး အတည် ဖြစ်အောင် လုပ်ဆောင်ထားတာဖြစ်ပြီး အဖွဲ့ဝင် အားလုံးပါဝင်တဲ့ ပါလီမန်ကနေ အတည်ပြုထား တာဖြစ်တယ်။ သဘောတူညီချက်တွေကို  နိုင်ငံ တိုင်းအတွက် အသုံးပြုတာဖြစ်တယ်။ဆင်းရဲချမ်း သာနိုင်ငံတွေအားလုံးကWTO  ရဲ့ ပဋိပက္ခဖြေ ရှင်းရေးလုပ်ဆောင်မှုတွေကို တစ်ဦးနဲ့တစ်ဦးအပြန် အလှန်စိန်ခေါ်ပြီး မှန်မှန်တဲ့ အခွင့်အရေးအတိုင်း တူညီစွာ လုပ်ဆောင်နိုင်စေတာဖြစ်တယ်။ဒီလိုလုပ်ဆောင်မှုတွေကနေ များစွာသော နည်းလမ်းတွေနဲ့အားလုံးကို ကုန်သွယ်မှုတွေ ပိုမို လွယ်ကူလာေ စတယ်။ နိုင်ငံငယ်လေးတွေ ဖအနေနဲ့ ပိုမိုမြင့်မားတဲ့ ဖြစ်ထွန်းမှုအကျိုးခံစားရရှိ လာနိုင် စေတာဖြစ်တယ်။ WTO စနစ်တွေကို အများနဲ့ သက်ဆိုင်တဲ့ လုပ်ဆောင်ပေးမှုတွေမရှိရင် ပိုမိုအင် အားကောင်းတဲ့ နိုင်ငံတွေက သူတို့ရဲ့ပိုမိုအားနည်း တဲ့ နိုင်ငံငယ်ကုန်သွယ်ဖက်တွေအပေါ်  သူတို့ သဘောကျ လုပ်ဆောင်လာနိုင်စေမှာ ဖြစ်တယ်။နိုင်ငံငယ်လေးတွေကလည်း  အဓိက စီးပွားရေး အားကောင်းတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံလုပ်ဆောင် လာရင်း မလိုလားအပ်တဲ့ဖိအားတွေကို တွန်းလှန် ဖြိုဖျက်နိုင်စေမှာ မဟုတ်ပါ။ဒ့ါအပြင် နိုင်ငံငယ်လေးတွေက အကယ်၍ သူတို့အနေနဲ့ ပေါင်းစည်းပြီး ရင်းမြစ်တွေကိုအတူ တကွခွဲဝေအသုံးပြုနိုင်တဲ့ အခွင့်အလမ်းတွေ အသုံး ပြုလာနိုင်ရင် ပိုမိုထိရောက်စွာလုပ်ဆောင်နိုင်စေ မှာဖြစ်တယ်။ နိုင်ငံများစွာက ဒီအတိုင်း လုပ်ဆောင် နေကြတာဖြစ်တယ်။ပိုမိုကြီးမားတဲ့  နိုင်ငံတွေအတွက်လည်း အလားတူအကျိုးကျေးဇူးတွေ ရရှိစေတယ်။အဓိက စီးပွားရေးစွမ်းအားတွေက တစ်ချိန်တည်းမှာ သူတို့ ရဲ့ကုန်သွယ်ဖက်နိုင်ငံအားလုံး သို့မဟုတ် အများစု နဲ့စေ့စပ်ညှိနှိုင်းလုပ်ဆောင်ဖို့ WTO  ရဲ့ တစ်ခု တည်းသော လုပ်ဆောင်မှုအတိုင်းဆောင်ရွက်နိုင် ကြတာဖြစ်တယ်။ အခုလိုလုပ်ဆောင်မှုကနေ ပိုမို ကြီးမားတဲ့ ကုန်သွယ်ဖက်နိုင်ငံတွေအတွက် ပိုမို လွယ်ကူတဲ့ဘဝကို ဖြစ်စေတယ်။ အခြားနည်းလမ်း ကတော့  နိုင်ငံပေါင်းများစွာနဲ့ တစ်ချိန်တည်း အပြန်အလှန် စေ့စပ်ညှိနှိုင်းမှုတွေ ဆက်တိုက်လုပ် ဆောင်ကြတာဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံချင်းအနေ နဲ့ သူတို့ရဲ့ကုန်သွယ်ဖက်နိုင်ငံတွေနဲ့ ကုန်သွယ်မှု အသွင်မတူ ကွဲပြားခြားနားတဲ့အခြေအနေတွေကို အဆုံးသတ်နိုင်ပြီး ယင်းရဲ့ကုန်တင်သွင်းသူတွေနဲ့ ကုန်တင်ပို့သူတွေရဲ့ ဘဝကို ကြီးမားတဲ့ရှုပ်ထွေးမှု တွေ ဖြစ်စေတယ်။WTO သဘောတူညီချက်တွေမှာ သဘော ထားကွဲလွဲမှုမရှိစေတဲ့  နည်းလမ်းတွေနဲ့ တည် ဆောက်လာနိုင်တာကြောင့်  ရှုပ်ထွေးမှုတွေကို ရှောင်ရှားစေနိုင်တာဖြစ်တယ်။ အဖွဲ့ဝင်နိုင်ငံတွေ ကို တစ်ခုတည်းသော  ဥပဒေပြဋ္ဌာန်းချက်တွေ အားလုံးပြုတာကြောင့်  ကုန်သွယ်မှုလုပ်ငန်းတွေ အားလုံးကို ပိုမိုကြီးမားတဲ့ လွယ်ကူမှုတွေဖြစ်ထွန်း ပေါ်ပေါက်စေတာဖြစ်တယ်။ဒါ့အပြင်  အဲဒီသဘောတူထားတဲ့ ဥပဒေ တွေက အစိုးရတွေကို ဘယ်ကုန်သွယ်မှု မူဝါဒတွေ က လက်ခံနိုင်သလဲဆိုတဲ့ ပိုမိုရှင်းလင်းတဲ့ အမြင် တွေ ရရှိနိုင်စေတယ်။