သကြားတင်ပို့မှုနှင့် ကြက်သွန်နီတင်ပို့မှုအပေါ်တွင် လွတ်လပ်စွာခွင့်ပြုလိုက်သည့်အိန္ဒိယ

           အိန္ဒိယအစိုးရက မေ ၂ ရက်က သကြားတင်ပို့မှုမြှင့်တင်ဖို့ သကြားတင်ပို့မှုအပေါ်မှာ အရေအတွက် ကန့်သတ်ထား ချက်ကို ဖယ်ရှားပေးဖို့ ဆုံးဖြတ်လိုက်ကြောင်းနဲ့ ကြက်သွန်နီပို့ကုန်အပေါ်မှာ အနိမ့်ဆုံး ပို့ကုန်ဈေးနှုန်းသတ်မှတ်ချက်ကိုလည်း ဖယ်ရှားပေးလိုက်ကြောင်း သတင်းရရှိပါတယ်။ ဒါ့အပြင် ကောက်ပဲသီးနှံပိုလျှံပါက ဘယ်လိုကိုင်တွယ်သွားမှာကို မူဝါဒတွေချမှတ်နိုင်ဖို့အတွက် အစိုးရက ဝန်ကြီးချုပ် ခေါင်းဆောင်တဲ့ ကော်မတီတစ်ခု ထူထောင်သွားဖို့လည်း ဆုံးဖြတ်ခဲ့တယ်။ ၎င်းဆုံးဖြတ်ချက်ကို ဝန်ကြီးချုပ် Manmohan Singh  ခေါင်းဆောင်တဲ့ အဆင့်မြင့်အရာရှိအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်။ လယ်ယာစိုက်ပျိုးရေးဝန်ကြီး   Sharad Pawar   က သကြား၊ ဝါနဲ့ နို့ထွက်ပစ္စည်းမှ အပါအဝင်လယ်ယာထုတ်ကုန်တွေအပေါ်မှာ ပို့ကုန်မူဝါဒကို ကန့်ကွက်စာပေး ခဲ့ပြီးနောက် ဝန်ကြီးချုပ်က အစည်းအဝေးဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။                            Source:businesstoday.intoday.in, အေးမွန်မွန်လှိုင်