Main menu

Background

စီးပွားရေးအင်အားကြီးနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်းကြောင့် ကုန်ကြမ်းပစ္စည်းများ ဝယ်လိုအားနှေးကွေးကာ ဈေးနှုန်းများဆက်လက်ကျဆင်းဦးမည်

Thu, 05/17/2012 - 09:50 -- Anonymous (not verified)

      ကမ္ဘာအနှံ့ စတော့ရှယ်ယာတန်ဖိုး တွေ ကျဆင်းခြင်းနဲ့ ဂရိနိုင်ငံကို ကြွေးမြီ အကျပ်အတည်းမှ  ကယ်ဆယ်မယ့် အစီအစဉ်ကို   ရုပ်သိမ်းလိုက်ခြင်းက ကမ္ဘာ့စီးပွားရေး  နှေးကွေးနေမှုကို ပိုမိုဆိုးဝါးစေကာ ကုန်ကြမ်းပစ္စည်းတွေ ဝယ်လိုအားလျော့နည်းသွားလိမ့်မယ်လို့ ခန့်မှန်းကြတယ်။ ဒါကြောင့် မေ ၁၀ ရက်မှာ ရွှေ၊ ငွေ၊ သွပ် ဈေးနှုန်းတွေ သာမက အဓိကစားသောက်ကုန်တွေ ဖြစ်တဲ့ ဂျုံနဲ့ ပြောင်း ဈေးနှုန်းတွေက ကျဆင်းလာတယ်။ ရေနံစိမ်း ဈေးနှုန်း မှာလည်း ခြောက်ရက် ဆက်တိုက်ဈေး ကျလာရာ နှစ်နှစ်တာ ကာလအတွင်း အရှည်ကြာဆုံး သက်တမ်းဖြစ်တယ်လို့ သိရတယ်။ဧပြီလမှာ   အီးယူဒေသတွင်း ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ကုန်ထုတ် လုပ်မှုလုပ်ငန်းများမှ ထွက်ရှိမှုက ဧပြီလ အတွင်း  ကျဆင်းသွားခဲ့တဲ့အပြင် အလုပ်လက်မဲ့နှုန်းက ၁၅ နှစ်အတွင်း မြင့်မားမှုနှုန်း တိုးတက်ခဲ့တယ်လို့ မေလ ဆန်းပိုင်းကထုတ်ပြန်တဲ့ အစီရင်ခံစာ မှာဖော်ပြလာတယ်။  ဧပြီလအတွင်း အမေရိကန်နိုင်ငံရဲ့ အလုပ်ခန့်ထားမှု ကလည်း  မျှော်မှန်းထားတာထက် ကျ ဆင်းခဲ့တယ်လိ့ု ယခင်အပတ်ထုတ်ေ၀ တဲ့ အစိုးရအစီရင်ခံစာမှာ ဖော်ပြထား တယ်။ တရုတ်နိုင်ငံကလည်း     ဧပြီလ အတွင်း ပို့ကုန်တင်ပို့မှုနဲ့ သွင်းကုန်တင် သွင်းမှုမှာ မျှော်မှန်းထားတာထက် ကျ ဆင်းခဲ့တယ်။ ဒီလိုစီးပွားရေးအင်အား ကြီးနိုင်ငံတွေရဲ့  ဖွံ့ဖြိုးတိုးတက်မှုနှေး ကွေးခြင်းကြောင့် ကုန်ကြမ်းပစ္စည်းတွေ က ဝယ်လိုအားနှေးကွေးကာ ဈေးနှုန်း တွေ   ဆက်လက်ကျဆင်းဦးမယ်လို့ သုတေသီတွေက ခန့်မှန်းကြတယ်။Source:Bloomberg.com, ပပ