Main menu

Background

တစ်ပတ်အတွင်း သတင်းတိုများ

Thu, 05/17/2012 - 09:53 -- Anonymous (not verified)

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် အမျိုးသမီးဘောလုံးပြိုင်ပွဲ ကို ယခင်က  Digicel Women Cup 2012  အမည်ဖြင့် ကျင်းပရန် စီစဉ်ခဲ့သော် လည်း ညှိနှိုင်းဆွေးနွေးမှုများ မပြီးပြတ်သေးသဖြင့်  MFF Women's Cup 2012 အမည်ဖြင့် ပြောင်းလဲကျင်းပခဲ့ကြောင်း  သိရသည်။    ဒုတိယအကြိမ်မြောက်အာရှတိုက်ကွမ်ဒို "ကကွက်" ပြိုင်ပွဲနှင့် အကြိမ် ၂၀ မြောက် အာရှတိုက်ကွမ်ဒိုဖိတ်ခေါ်ပြိုင်ပွဲများကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ တွင် ကျင်းပလျက်ရှိရာ မြန်မာတိုက်ကွမ်ဒိုအဖွဲ့သည် ကကွက်ပြိုင်ပွဲကို ကစား သမား ၆ဦးဖြင့် ယှဉ်ပြိုင်လျက်ရှိပြီး ဖိတ်ခေါ်ပြိုင်ပွဲကို ကစားသမား ၉ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။    ရတနာပုံအသင်းသည် အသင်းမှကစားသမားများဖြစ်သည့် အောင်မြင့်အေး နှင့်ပိုင်စိုးတို့နှစ်ဦးအား နှစ်နှစ်စီနှင့် ဒွေးကိုကိုချစ်အား သုံးနှစ်သက်တမ်းရှိ စာချုပ်များချုပ်ဆိုခဲ့ကြကြောင်း သိရသည်။     နေပြည်တော်အသင်းသည် ၂၀၁၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများပြီးဆုံးချိန် တွင် ထိပ်ဆုံးသုံးသင်းနေရာတွင် ဝင်ရောက်နိုင်ရန် ရည်မှန်းထားကြောင်း အသင်းအုပ်ချုပ်သူ ဦးမျိုးလှိုင်ဝင်းက ဖွင့်ဟခဲ့သည်။    မကွေးအသင်း လက်ထောက်နည်းပြ ဦးကြည်လွင်က ရာသီဝက်အပြောင်း အရွှေ့တွင် အသင်းရှိ ကစားသမားများကို အပြောင်းအလဲပြုလုပ်သွားမည် မဟုတ်ကြောင်း လက်ရှိကစားသမားများနှင့်သာ လက်ကျန်ပွဲစဉ်များတွင် အောင်မြင်မှုများ ရလဒ်ကောင်းများ ရယူနိုင်မည်ဟု ဖွင့်ဟသွားခဲ့သည်။