Main menu

Background

နျူကလီးယားစွမ်းအင်အိပ်မက် နှင့် စိန်ခေါ်မှုများ

Thu, 05/17/2012 - 10:01 -- Anonymous (not verified)

ဂျပန်အစိုးရအနေနဲ့ နျူကလီးယားစွမ်းအင် ထုတ်လုပ်တဲ့ ဓာတ်ပေါင်းဖိုတစ်လုံးကို သက်တမ်း အနှစ် ၄၀ ထက်ပိုပြီး အသုံးမပြုဖို့နဲ့ နျူကလီးယား စွမ်းအင်လုံခြုံရေးအေဂျင်စီ ထူထောင်ဖို့ လွှတ် တော်မှာ နျူကလီးယားဓာတ်ပေါင်းဖိုဆိုင်ရာ စည်း မျဉ်းစည်းကမ်းဥပဒေပြင်ဆင်ရေး ကြိုးပမ်းခဲ့တယ် လို့ သိရပါတယ်။ ဆူနာမီကြောင့်  ဖူကူရှီးမားနျူ ကလီးယားဓာတ်ပေါင်းဖို ပျက်စီးပြီးပတ်ဝန်းကျင် မှာ လေဒီယိုသတ္တိကြွမှုအန္တရာယ် ကြီးပေါ်ပေါက်ခဲ့ ပြီးတဲ့နောက် ဂျပန်နိုင်ငံရှိ နျူကလီးယားစွမ်းအင် သုံးဓာတ်အားပေးစက်ရုံအားလုံးကို မြေငလျင်နဲ့ ဆူနာမီဘေးအန္တရာယ်တွေကနေ ခုခံကာကွယ်နိုင် မှု ရှိ၊ မရှိ စမ်းသပ်မှုတွေ ပြုလုပ်နေတယ်လို့ သိရ ပါတယ်။  စမ်းသပ်စစ်ဆေးမှုတွေပြီးရင် စက်ရုံ  တွေ ပြန်လည် လည်ပတ်ဖို့ ဒေသဆိုင်ရာအာဏာ ပိုင်တွေကခွင့်ပြုမိန့်ပေးရန် လိုအပ်ပါတယ်။ ဒါပေမဲ့ ယခုချိန်အထိ ဘယ်နျူကလီးယားစက်ရုံကမှ ပြန် လည် လည်ပတ်ခွင့်မရသေးဘူးလို့ သိရပါတယ်။ပေါက်ကွဲပျက်စီးသွားတဲ့ ဖူကူရှီးမားနျူကလီး ယားစက်ရုံက ဓာတ်ပေါင်းဖို လေးလုံးမပါဝင်ဘဲ ဂျပန်နိုင်ငံမှာကျန်ရှိတဲ့ နျူကလီးယားဓာတ်ပေါင်း ဖို ၅၀ ထဲမှာ အနှစ် ၃၀ ကျော် သက်တမ်းရှိတဲ့ ဓာတ်ပေါင်းဖိုက ၁၅ လုံး၊ အနှစ် ၄၀ ကျော်သက် တမ်းရှိတဲ့ ဓာတ်ပေါင်းဖိုက နှစ်လုံးပါဝင်တယ်လို့ သိရပါတယ်။ ယခု နျူကလီးယားဓာတ်ပေါင်းဖို တွေရှိတဲ့ဒေသတွေက အာဏာပိုင်တွေဟာ သူတို့ ဒေသကဓာတ်ပေါင်းဖိုတွေရဲ့ သက်တမ်းနဲ့ လုံခြုံမှု ကို အသေအချာ စိစစ်လာနေကြပါတယ်။ ဂျပန် ဗဟိုအစိုးရအနေနဲ့ ဒေသဆိုင်ရာ အာဏာပိုင် တစ်ဖွဲ့က မိမိဒေသမှ နျူကလီးယားဓာတ်ပေါင်းဖို ဟာလုံခြုံစိတ်ချမှုရှိကြောင်း ထောက်ခံမှသာ ပြန် လည် လည်ပတ်ခွင့်ပေးမယ်လို့ သတ်မှတ်ထားပါ တယ်။ဖူကူရှီးမား နျူကလီးယားစက်ရုံ ပြဿနာ မပေါ်ပေါက်မီအချိန်အထိ ဂျပန်နိုင်ငံမှာ နျူက လီးယားစွမ်းအင်နဲ့ လျှပ်စစ်စွမ်းအား ၃၀ ရာခိုင် နှုန်းအထိ ထုတ်လုပ်သုံးစွဲခဲ့ပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုအများအပြား ဖျက်သိမ်းခဲ့လို့ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု လျော့ကျသွားခဲ့ရင် ဘယ် စွမ်းအင်နဲ့ အစားထိုးအသုံးပြုမလဲဆိုတာ စိန်ခေါ် မှု တစ်ရပ်ဖြစ်လာပါတယ်။ ဂျပန်မှာ ပြန်ပြည့်မြဲ စွမ်းအင်တွေဖြစ်တဲ့ လေနဲ့နေစွမ်းအင်တွေကလည်း အစားထိုး  ဖြည့်ဆည်းပေးနိုင်တဲ့  အင်အားမရှိဘူး လို့ သိရပါတယ်။ ဒါ့အပြင် နောက်စိန်ခေါ်မှုကြီး တစ်ရပ်က  လုံခြုံစိတ်ချရမှုမရှိတဲ့  နျူကလီးယား ဓာတ်ပေါင်းဖိုတွေကို ဖျက်သိမ်းပစ်ဖို့  ကုန်ကျ စရိတ်  အမြောက်အမြား  လိုအပ်နေခြင်းပဲဖြစ်ပါ တယ်။ ပျမ်းမျှနျူကလီးယားဓာတ်ပေါင်းဖို တစ်လုံး ဖျက်သိမ်းဖို့ ဂျပန်ယန်းငွေ ဘီလီယံ ၅၀ (အမေရိ ကန်ဒေါ်လာသန်း ၆၅၀) လောက် ကုန်ကျနိုင် တယ်လို့ဆိုပါတယ်။ ဒီလိုဖျက်သိမ်းဖို့ အစိုးရက တာဝန်ယူထားရတဲ့အတွက် ဓာတ်ပေါင်းဖိုအများ အပြာ (တစ်လုံးပြီးတစ်လုံး) ဖျက်သိမ်းဖို့ ရန်ပုံငွေ အလုံအလောက်မရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် ဒီလိုဖျက်သိမ်းရာမှာ ကျွမ်းကျင်တဲ့ အလုပ်သမား တွေရရှိဖို့ အလွန်ခက်ခဲတတ်ပြီး ဖျက်သိမ်းလိုက် တဲ့ စက်ရုံတွေက နျူကလီးယားစွန့်ပစ်ပစ္စည်းတွေ ကို ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိအောင် ဖျောက် ဖျက်ပစ်ဖို့လည်း ခက်ခဲတတ်ပါတယ်။နောက်စိန်ခေါ်မှု တစ်ရပ်ကတော့ ဂျပန် အစိုးရအနေနဲ့ မိမိနိုင်ငံက  နျူကလီးယားဓာတ် ပေါင်းဖိုတွေ ပြည်ပကို ပိုမိုတင်ပို့ရောင်းချဖို့ကြိုး စားနေချိန်မှာ မိမိနိုင်ငံအတွင်းက  နျူကလီးယား ဓာတ်ပေါင်းဖိုတွေကို တစ်လုံးပြီးတစ်လုံးဖျက်သိမ်း နေရင် ပြည်ပဝယ်ယူသူတွေရဲ့ ယုံကြည်စိတ်ချမှု နည်းလာနိုင်ခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေ အရ နျူကလီးယားဓာတ်ပေါင်းဖိုတစ်လုံးရဲ့ သက် တမ်းကိုကန့်သတ်ပေးပြီးရင် သက်တမ်းကုန် ဓာတ် ပေါင်းဖိုနေရာတွေမှာ  နိုင်ငံတကာ  စံချိန်စံနှုန်း မီလုံခြုံစိတ်ချရတဲ့ ဓာတ်ပေါင်းဖိုတွေနဲ့ အစားထိုး အသုံးပြုနိုင်တဲ့ မူဝါဒချမှတ်ထားဖို့ လိုနေပါတယ်။ လက်ရှိအသုံးပြုနေတဲ့ နျူကလီးယားစွမ်းအင် ထုတ် လုပ်နေတဲ့စက်ရုံတွေမှာလည်း  ပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်နိုင်တဲ့ နောက်ဆုံးပေါ်လုံခြုံ ရေးအစီအမံတွေကို အသုံးပြုပြီးခေတ်မီနည်းပညာ တွေကို ပြောင်းလဲတပ်ဆင်အသုံးပြုသွားဖို့ လိုအပ် ပါတယ်။ယခုအခါ ဂျပန်ဒေသအသီးသီးမှာ ရှိနေတဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံတွေဟာ တစ်ရုံ ပြီးတစ်ရုံ လုံခြုံမှု ရှိ မရှိစစ်ဆေးဖို့ရပ်ဆိုင်းနေကြ ပါတယ်။ မေလ ၅ ရက်နေ့  တိုကျိုကလာတဲ့ သတင်းတစ်ပုဒ်အရ ဟော့ကိုင်းဒိုးစီရင်စုရှိ တိုမာရီ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံက တတိယမြောက်ဓာတ်ပေါင်းဖိုကို ဂျပန် နိုင်ငံရဲ့ နောက်ဆုံးနျူကလီးယား ဓာတ်ပေါင်းဖို အဖြစ် ပတ်ဝန်းကျင်ကို အန္တရာယ်ရှိ မရှိ စစ်ဆေး ဖို့ ရပ်ဆိုင်းလိုက်ပြီလို့သိရပါတယ်။ အဲဒီ ဓာတ် ပေါင်းဖိုပိတ်လိုက်ခြင်းဟာ အနှစ် ၄၀အတွင်း ဂျပန် နိုင်ငံမှာ နျူကလီးယားစွမ်းအင်ကနေ လျှပ်စစ်ဓာတ် အားထုတ်လုပ်မှုကို ပထမဆုံးအကြိမ် ရာနှုန်း ပြည့်ရပ်ဆိုင်းလိုက်ခြင်းပဲဖြစ်ကြောင်းပါခင်ဗျား။Ref:Asia  News