၂၀၁၂ အတွက် ကမ္ဘောဒီးယား ဆန်တင်ပို့မှုနှေးကွေးမယ့် အလားအလာရှိ

    ထောက်ပံ့ပို့ဆောင်မှုစရိတ် လျင်မြန်စွာတိုးတက်နေခြင်းနဲ့ ဒေသတွင်းဆန်ဈေးနိမ့်ကျနေခြင်းတို့က ယခုနှစ်မှာ ကမ္ဘော ဒီးယားလျာထားချက်အတိုင်း ဆန်တင်ပို့နိုင်ဖို့ ခဲယဉ်းတယ်လို့ ကျွမ်းကျင်သူတစ်ဦးကဆိုပါတယ်။ ဆန်တင်ပို့မှု ဟာ ယခင်နှစ် တင်ပို့တဲ့ပမာဏရဲ့ ထက်ဝက်ကို ကျဆင်းနိုင်တယ်လို့ဆိုပါတယ်။ ဖေဖော်ဝါရီလနဲ့ဧပြီလအတွင်း အီးယူကို ဆန်တင်ပို့စရိတ်က ၅၀ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ပြီး ဆက်လက်လည်းမြင့်တက်လျက်ရှိတယ်လို့ ဆိုပါတယ်။    ဒါ့အပြင် လောင်စာဆီဈေးမြင့်တက်တာကြောင့် ဒေသတွင်းဆန်ထုတ်လုပ်သူတွေအတွက် ထောက်ပံ့ ပို့ဆောင်စရိတ်က လည်း မြင့်တက်နေတာကြောင့် ယခုလအီးယူကိုတင်ပို့တဲ့ ကမ္ဘောဒီးယားဆန်ဟာ ထိုင်းနဲ့ဗီယက်နမ် တို့ထက် ကွန်တိန်နာ သယ်ယူခက တစ်လုံးကို ကန်ဒေါ်လာ ၂၀၀ မြင့်တက်နေပါတယ်။ ဒါကြောင့် အဲဒီနှစ်နိုင်ငံထက် ဆန်ဈေးက တစ်တန်ကန်ဒေါ် လာ ၅၀ မြင့်တက်ခဲ့တာကြောင့် အစိုးရရဲ့ ယခုနှစ်ဆန်တင်ပို့ ရည်မှန်းချက် ရရှိနိုင်မယ့် အလားအလာက မှေးမှိန်နိုင်တယ်လို့ သိရပါတယ်။    ကမ္ဘောဒီးယား စိုက်ပျိုးရေးဝန်ကြီးက ယခုနှစ်မှာ ဆန်တန်ချိန် ၄ သိန်း တင်ပို့မယ်လို့ပြောကြားခဲ့ခြင်းက မဖြစ်နိုင်ဘူးလို့ လည်း မဲခေါင်အော်ရေးစရောင်းဝယ်ရေးကုမ္ပဏီမှ ဝါရင့်မန်နေဂျာ ဒေးဗစ်ဗင်မှ မေလ ၁၆ ရက်နေ့မှာ ပြောကြားပါတယ်။ လက်ရှိအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် ၂၀၁၁ ခုနှစ်တင်ပို့ခဲ့တဲ့ ပမာဏရဲ့ ထက်ဝက်တင်ပို့နိုင်မယ်ဆိုရင်တောင် ကံကောင်း ပါတယ်လို့ဆိုပါတယ်။     တရားဝင်စာရင်းအရ ယခင်နှစ်က ဆန်တန်ချိန် ၁၇၃၀၀၀ ခန့် တင်ပို့ခဲ့ပြီး၊ အများစုမှာ အီးယူကို တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ဧပြီလအစပိုင်းမှာ စိုက်ပျိုးရေး၊ သစ်တောနဲ့ ငါးမွေးမြူရေးဝန်ကြီး Chan Sarun  က ၁ယခုနှစ် ဆန်တင်ပို့မှုကို ယခင်နှစ်ထက် ၂ ဆကျော်ပြီး၊ တန်ချိန် ၄ သိန်းအထိ တင်ပို့မယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ ကမ္ဘောဒီးယား ဆန်တင်ပို့သူတွေအတွက် အီးယူဈေးကွက်ကို မူလယှဉ်ပြိုင်ဖက်တွေက ထိုင်းနဲ့ဗီယက်နမ်တို့ဖြစ်ခဲ့ ပါတယ်။ ဒါပေမဲ့ ရေနံဈေးမြင့်တက်လာတာကြောင့် အီးယူဇုန်ကဝယ်လက်များဟာ ယခုအခါ ၎င်းဒေသတွင်းမှာရှိတဲ့ ဆန်ကိုပဲ ပြန်လည် စိတ်ဝင်စားလာကြတယ်လို့သိရပါတယ်။     ကမ္ဘောဒီးယားဆန်ကို အခွန်ကင်းလွတ်စွာ တင်သွင်းခွင့်ပြုပေမဲ့ အီးယူရဲ့အကြီးဆုံးဆန်စပါးထုတ်လုပ်တဲ့ အီတလီရဲ့ ဆန် ဈေးထက် ယခုလမှာ ပိုမိုနေတယ်လို့ Khmer Foods   ကုမ္ပဏီဒါရိုက်တာ Kim Savuth မှဆိုပါတယ်။ လောင်စာဆီ ဈေးကြောင့်လည်း ဒေသတွင်းသင်္ဘောကုမ္ပဏီများ အကြား ဈေးနှုန်းမြင့်တက်မှုတွေဖြစ်လာတာပါလို့ ၎င်းကဆိုပါတယ်။    ကမ္ဘော့ဒီးယားဆန်တင်ပို့မှုကို အီးယူကအခွန်ကင်းလွတ်ခွင့်ပြုခြင်းဟာ ကုန်သွယ်မှုကိုမြှင့်တင်ခဲ့ပေမဲ့ အချို့သော အီးယူဝယ်လက်များအနေနဲ့ အခက်အခဲရှိနေတယ်လို့ Van  ကဆိုပါတယ်။ သယ်ယူပို့ဆောင်စရိတ် ဆက်လက်မြင့်တက်ခြင်း ဟာ ၂၀၁၂ အတွင်း ကမ္ဘောဒီးယားဆန်ကုန်သွယ်မှုကို အဟန့်အတားဖြစ်စေတယ်လို့ဆိုပါ တယ်။ ကမ္ဘောဒီးယား ဆန်တင်ပို့ သူ တွေအနေနဲ့အီးယူဈေးကွက်တစ်ခုထဲကို အားမထားဘဲ ဆန်ဈေးကွက်ကြီးမားတဲ့ ဖိလစ်ပိုင်နဲ့ တရုတ်တို့ကိုလည်း အလေးထား သင့်တယ်လို့ဆိုပါတယ်။                                                   လမင်း၊Source: Phnom Penh Post