Main menu

Background

ယခုတစ်ပတ် မတ်ပဲ တင်ပို့မှု သိသိသာသာပိုလာ

Mon, 05/21/2012 - 05:56 -- Anonymous (not verified)

    ယခင်သီတင်းပတ် ၃ ပတ်ဆက်တိုက် ပင်လယ်ရေကြောင်းက မတ်ပဲတန် ၁၅၀၀၀ ဝန်းကျင်တင်ပို့နေခဲ့ရာမှ ယခုတစ်ပတ် (မေ ၇ ရက်မှ ၁၁ ရက်အထိ) အတွင်းမှာတော့ တန်ချိန် ၂၃၀၀၀၀ နီးပါးအထိ သိသိသာသာ ပိုမိုတင်ပို့လာနိုင်တာ တွေ့ရပါတယ်။ သင်္ဘောကွန်တိန်နာ ငှားရမ်းသယ်ယူစရိတ်မြင့်ပေမဲ့ ယခုတစ်ပတ်မှာ တော့ပိုမိုတင်ပို့လာခဲ့ပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် မေ ၁၁ ရက်အထိ မတ်ပဲ စုစုပေါင်း တင်ပို့ပြီးစီးမှုအနေနဲ့ တန်ချိန် ၇၆၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန် ဒေါ်လာ ၄၁ သန်းကျော်ရရှိထားကြောင်းသိရပါတယ်။ယခင်၂၀၁၁-၁၂ ဘဏ္ဍာနှစ် ကာလတူအတွင်းမှာတော့ မတ်ပဲတန် ငါးသောင်းကျော်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၄၇ သန်းကျော် ရရှိခဲ့လို့ ယခုနှစ်ကာလတူမှာ တင်ပို့တဲ့ပမာဏ တန် နှစ်သောင်း ကျော်ပိုမိုပေမဲ့ ရရှိတဲ့ဝင်ငွေကတော့ ဒေါ်လာ ခြောက်သန်းခန့်လျော့ကျတာ တွေ့ရ ပါတယ်။ လာမယ့် သီတင်းပတ်တွေမှာ မတ်ပဲပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်းရပါတယ်။MIRT - MAPT